ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၅ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အလက်စကားပြည်နယ်မှာ ပြုလုပ်တဲ့ မဲဆွယ်ပွဲတစ်ခုမှာ အီ ရန်နိုင်ငံအပေါ် ပိုမိုပြင်းထန်တဲ့ အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်မယ်လို့ ပြောကြားလိုက်ပါတယ်။
နိုဝင်ဘာလ ၃ ရက်မှာ ကျင်းပမယ့် သက်တမ်းဝက် ရွေးကောက်ပွဲအတွက် ရီပက်ဘလီကင် အ မတ်လောင်းတွေကို မဲဆွယ်စည်းရုံးပေးရင်း အီရန်နဲ့ ပတ်သက်လို့ သူက အခုလို ပြောဆိုခဲ့တာပါ။
“အီရန်ကို ကျွန်တော်တို့ ဘာလုပ်မလဲဆိုတာ စောင့်ကြည့်ထားကြပါ၊ ကျွန်တော်တို့ တကယ်ပဲ ပြင်းပြင်းထန်ထန် အရေးယူသွားမှာပါ၊ အတော်လေး စိတ်အနှောင့်အယှက် ဖြစ်ရလွန်းလို့ သည်းခံနိုင်စွမ်း ကုန်လွန်သွားပါပြီ” လို့ ဒေါ်နယ်ထရမ့်က ထောက်ခံသူတွေကို ပြောပါတယ်။
အီရန်ကလည်း အခြေအနေကို စောင့်ကြည့်နေပြီး အဓိကမှာ အီရန်နိုင်ငံအနေနဲ့ နျူကလီးယား လက်နက် ရရှိမှာ မဟုတ်ဘူးဆိုတဲ့ အချက်ပဲဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။
အမေရိကန်နဲ့ အစ္စရေး နှစ်နိုင်ငံ ရွေးကောက်ပွဲတွေ မတိုင်မီ အီရန်အပေါ် စစ်ဆင်ရေးကြီးတစ်ခု စ တင်ဖို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနဲ့ ဆွေးနွေးခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီး နောက် ဒေါ်နယ်ထရမ့်က အခုလို ပြောတာပါ။
အဆိုပါဆွေးနွေးမှုတွေဟာ သက်တမ်းဝက် ရွေးကောက်ပွဲ မတိုင်မီ အီရန်ကို တိုက်ခိုက်မှာ မဟုတ် ဘူးလို့ ဒေါ်နယ်ထရမ့် မပြောမီကတည်းက စတင်ခဲ့တာလို့ အမေရိကန် အရာရှိတွေနဲ့ နီးစပ်သူတွေကို ကိုး ကားပြီး Axios သတင်းဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။
ဒေါ်နယ်ထရမ့်ဟာ အီရန်နိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပိုမို တင်းကြပ်စွာ ပြုလုပ် လာခဲ့ပြီး စစ်ရေးအရ ဖိအားပေးမှုတွေ တိုးမြှင့်လာပါတယ်။
နိုဝင်ဘာလ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ အရှေ့အလယ်ပိုင်း ဒေသတွင်း စစ်ရေး တင်းမာ မှုတွေ ပိုမို မြင့်တက်လာနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။
စစ်ရေးပဋိပက္ခတွေကို ရှောင်ရှားနိုင်ဖို့ အမေရိကန် မဟာမိတ် နိုင်ငံအချို့က ကြိုးပမ်းနေကြပေမဲ့ အခြေအနေတွေဟာ ပိုမို ရှုပ်ထွေးလာပါတယ်။
အမေရိကန်အစိုးရရဲ့ ရှေ့ဆက် လုပ်ဆောင်မယ့် စစ်ရေးဆိုင်ရာ ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး နိုင် ငံတကာ အသိုင်းအဝိုင်းက အနီးကပ် စောင့်ကြည့်နေပါတယ်။
News: Anadolu Agency
Ref; Trump warns of further action against Iran