ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၅ ရက်

 

ယူကရိန်းသမ္မတ ဇီလန်စကီးဟာ ဗြိတိန်ဘုရင် တတိယမြောက် ချားလ်စ်နဲ့ ဘာကင်ဟမ်နန်း တော်မှာ သီးသန့်တွေ့ဆုံပြီးနောက် ဗြိတိန်ဝန်ကြီးချုပ် အန်ဒီဘန်းဟမ်နဲ့ လန်ဒန်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ ပါတယ်။

 

ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်ရုံးမှာ ပြုလုပ်တဲ့ အဆိုပါတွေ့ဆုံပွဲမှာ ဗြိတိန်အစိုးရဟာ ယူကရိန်းနိုင်ငံ သို့ ဝေဟင်ခွင်း ဒုံးကျည်တွေ ပိုမိုမြန်ဆန်စွာ ထောက်ပံ့ပေးဖို့နဲ့ ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပိုမို တင်းကြပ်ဖို့ ကတိပြုခဲ့ပါတယ်။

 

“ကျွန်တော်တို့ ယူကရိန်းနဲ့အတူ အပြည့်အဝ ရပ်တည်နေပြီး ဒီရပ်တည်ချက်က ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ပါဘူး” လို့ ဘန်းဟမ်က ဇီလန်စကီးကို ပြောပါတယ်။

ရုရှားရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ ပေါင် ၄၅ သန်း တန်ကြေးရှိတဲ့ ပေါ့ပါးသော ဘက်စုံ သုံး ဒုံးကျည်တွေကို ဗြိတိန်က ပေးပို့မှာဖြစ်ပါတယ်။

 

ဆောင်းရာသီ မရောက်မီ အရေးပေါ် လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့ ပေါင် ၁၀ သန်းကို အမြန် ဆုံး ကြိုတင်ထုတ်ပေးဖို့ ဗြိတိန်က အတည်ပြုခဲ့ပါတယ်။

 

ရုရှားရဲ့ သဘာဝဓာတ်ငွေ့ တင်ပို့မှုကို ထိခိုက်စေမယ့် ရေကြောင်းဆိုင်ရာ ဝန်ဆောင်မှု ပိတ်ဆို့မှု တွေအပါအဝင် ရုရှားအပေါ် ထပ်တိုး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်မယ်လို့ ဘန်းဟမ်က အသိပေးခဲ့ပါ တယ်။

 

ဗြိတိန်အနေနဲ့ စစ်ရေးနဲ့ ဘဏ္ဍာရေး အကူအညီတွေ ဆက်လက်ထောက်ပံ့မှာဖြစ်သလို အခြား နိုင် ငံတကာ မဟာမိတ်တွေကိုလည်း ရုရှားအပေါ် ဖိအားတိုးပေးဖို့ တိုက်တွန်းမယ်လို့ သူက ဆိုပါတယ်။

 

အမေရိကန်နဲ့ ယူကရိန်းကြား တင်းမာနေတဲ့ ဆက်ဆံရေးကို ပြန်လည်ပြေလည်အောင် ကူညီပေး မယ်လို့ ၎င်းက လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

 

ဇီလန်စကီးက Starlink အင်တာနက် လိုင်းဖြတ်ခံရမှုနဲ့ အမေရိကန်မှ ထောက်လှမ်းရေး သတင်း အချက်အလက်ရရှိမှု လျော့နည်းလာတာတွေဟာ ရုရှား ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို တုံ့ပြန်ဖို့ ခက် ခဲစေတယ်လို့ ဆိုထားပါတယ်။

 

ယူကရိန်းအနေနဲ့ အမေရိကန်နဲ့ ခိုင်မာတဲ့ မဟာမိတ်အဖြစ် ဆက်လက်ရပ်တည်ချင်တယ်လို့ ၎င်း က ဆက်ပြောပါတယ်။

 

News: Kyiv Post
Ref; King Charles Welcomes Zelensky as Britain Steps Up Military Support for Ukraine