ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၀ ရက်
ယူကရိန်းစစ်ပွဲမှာ ရုရှားနိုင်ငံဘက်မှ တိုက်ခိုက်ပေးနေတဲ့ မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေကို တိုင်းပြည်ရဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ခေါင်းဆောင် ကင်ဂျုံအန်က လူသိရှင်ကြား အသိအမှတ် ပြု ချီးကျူးလိုက်ပါတယ်။
စက်တင်ဘာ ၉ ရက်နေ့မှာ ကျရောက်တဲ့ ၇၈ ကြိမ်မြောက် မြောက်ကိုရီးယားနိုင်ငံ တည်ထောင် ခြင်း အထိမ်းအမှတ် အခမ်းအနားမှာ ကင်ဂျုံအန်က ပြည်ပစစ်ဆင်ရေးတွေမှာ ပါဝင်နေကြတဲ့ တပ်မှူးတွေ နဲ့ တပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုကြောင်း ပြောကြားခဲ့တာပါ။
ကင်ဂျုံအန်နဲ့ နိုင်ငံပိုင် မီဒီယာတွေက ရုရှား ဒါမှမဟုတ် ယူကရိန်း ဆိုတဲ့ အမည်တွေကို တိုက်ရိုက် ပြောဆိုခြင်း မရှိပေမဲ့ ဒါဟာ ရုရှားတပ်တွေနဲ့အတူ စစ်တိုက်ပေးနေတဲ့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေကို ရည်ညွှန်းတာဖြစ်ကြောင်း ထင်ရှားနေပါတယ်။

ဒါဟာ စစ်ပွဲစတင်ချိန်က လျှို့ဝှက်ထားခဲ့တဲ့ စစ်အင်အား စေလွှတ်မှုကို မြောက်ကိုရီးယားအစိုးရ က တရားဝင် ပေါ်ပေါ်ထင်ထင် အသိအမှတ်ပြုတာကို ပြသနေတာ ဖြစ်ပါတယ်။
အနောက်နိုင်ငံတွေနဲ့ တောင်ကိုရီးယား ထောက်လှမ်းရေးရဲ့ အဆိုအရ မြောက်ကိုရီးယားနိုင်ငံဟာ ၂၀၂၄ ခုနှစ် အကုန်ပိုင်းကစလို့ တပ်ဖွဲ့ဝင် ၁၄,၀၀၀ နဲ့ ၁၅,၀၀၀ ကြားကို ရုရှားသို့ စေလွှတ်ခဲ့တယ်လို့ သိရပါ တယ်။
တောင်ကိုရီးယားက ယခုနှစ် ဖေဖော်ဝါရီလအထိ မြောက်ကိုရီးယား စစ်သား ၆,၀၀၀ ခန့် သေဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။

စစ်သားတွေအပြင် မြောက်ကိုရီးယားဟာ ရုရှားရဲ့ စစ်ပွဲအတွက် လိုအပ်နေတဲ့ လက်နက်ခဲယမ်း တွေကို အဓိက ထောက်ပံ့ပေးနေတဲ့ ထိပ်တန်းနိုင်ငံတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။
ယူကရိန်း စစ်ထောက်လှမ်းရေးရဲ့ အဆိုအရ ရုရှား အသုံးပြုနေတဲ့ လက်နက်ကြီးကျည် ၄ ပုံ ၁ ပုံက နေ ၄၀ ရာခိုင်နှုန်းအထိဟာ မြောက်ကိုရီးယားက ထောက်ပံ့ပေးထားတာလို့ ဆိုပါတယ်။
ဒီလို စစ်အင်အားနဲ့ ခဲယမ်းတွေ ကူညီပေးတာကြောင့် ရုရှားက မြောက်ကိုရီးယားကို စီးပွားရေး အ ကူအညီတွေအပြင် ဒုံးကျည်နဲ့ လေကြောင်းရန်ကာကွယ်ရေး နည်းပညာတွေ ပြန်ပေးပါတယ်။
နှစ်နိုင်ငံကြား ချစ်ကြည်ရေးနဲ့ ကုန်သွယ်ရေးကို ပိုမို တိုးမြှင့်ဖို့အတွက် စက်တင်ဘာ ၇ ရက်နေ့က နယ်စပ်ဖြတ်ကျော် ကားလမ်းတံတားကို ပထမဆုံးအကြိမ် တရားဝင် ဖွင့်လှစ်ခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ ယူကရိန်းစစ်ပွဲကနေ စစ်ပွဲအတွေ့အကြုံတွေ ရရှိနေသလို ရုရှားထံမှ နည်း ပညာနဲ့ စီးပွားရေး အထောက်အပံ့တွေ တိုက်ရိုက် ရရှိနေပါတယ်။
ကိုးကား – Kyiv Post
Ref; Kim Jong Un Publicly Praises North Korean Troops Fighting for Russia