ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၉ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ဇာနည်ဆုတံဆိပ်ချီးမြှင့်သည့် သတင်းထုတ်ပြန်ချက်အရ ဧရာဝတီတိုင်းစစ်ဌာနအောက်ရှိ တပ်ရင်းများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင် ရဲဘော် စုစုပေါင်း ၇၈ ဦး ပြည်သူ့ဇာနည်ဆုတံဆိပ် ချီးမြှင့်ခံခဲ့ရကြောင်း သိရသည်။
ဆုတံဆိပ်ရရှိသူ ၇၈ ဦးအနက် ၇၁ ဦးမှာ တော်လှန် ရေးတာဝန်များ ထမ်းဆောင်စဉ် သက်စွန့်ကြိုးပမ်း ကျဆုံးသွားခဲ့ကြသူများဖြစ်ပြီး ကျန် ခုနှစ် ဦးမှာ ကိုယ် အင်္ဂါစွန့်လွှတ်လှူဒါန်းခဲ့သူများ ဖြစ်ကြသည်။
ဧရာဝတီတိုင်းစစ်ဌာနမှ ဆုတံဆိပ်ရရှိမှုအနေဖြင့် ပုသိမ်ခရိုင် တပ်ရင်း (၁) မှ ကျဆုံးရဲဘော် ၂၁ ဦးနှင့် ကိုယ်အင်္ဂါစွန့်လွှတ်ရဲဘော် တစ်ဦး စုစုပေါင်း ၂၂ ဦး ပါဝင်သည်။

ထို့ပြင် ဟင်္သာတခရိုင် တပ်ရင်း (၁) မှ ကျဆုံးရဲဘော် ၂၇ ဦးနှင့် ကိုယ်အင်္ဂါစွန့်လွှတ်ရဲဘော် သုံး ဦး စုစုပေါင်း ၃၀ ဦး၊ ဟင်္သာတခရိုင် တပ်ရင်း (၃) မှ ကျဆုံးရဲဘော် ကိုး ဦးနှင့် ကိုယ်အင်္ဂါစွန့်လွှတ်ရဲဘော် နှစ် ဦး စုစုပေါင်း ၁၁ ဦး ဆုတံဆိပ် ရရှိခဲ့ကြသည်။
ဧရာဝတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ပုသိမ်၊ ကျုံပျော်၊ သာပေါင်း၊ ဖျာပုံ၊ ကျောင်းကုန်း၊ ရေကြည်နှင့် ဇလွန် ပကဖ တို့မှ ကျဆုံးရဲဘော် ၁၄ ဦးနှင့် ပုသိမ် ပကဖမှ ကိုယ်အင်္ဂါစွန့်လွှတ်ရဲဘော် တစ် ဦး အပါအဝင် ပကဖအဖွဲ့ဝင် စုစုပေါင်း ၁၅ ဦး ပြည်သူ့ဇာနည်ဆုတံဆိပ် ချီးမြှင့်ခံခဲ့ရသည်။
အဆိုပါ ပြည်သူ့ဇာနည်ဆုတံဆိပ်ရရှိသူ ၃၀၀ဦးတွင် ဧရာဝတီတိုင်းစစ်ဌာနနှင့် ဧရာဝတီတိုင်းပကဖအောက်တွင် တာဝန်ထမ်းဆောင်ရင်း အသက်နှင့် ကိုယ်အင်္ဂါစွန့်လွှတ်ခဲ့ကြသည့် ၇၈ဦး ပြည်သူ့ဇာနည်ဆုတံဆိပ် ရရှိခဲ့ကြခြင်းဖြစ်သည်။