ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၉ ရက်

မြန်မာနိုင်ငံမှ တိုင်းရင်းသား လက်နက်ကိုင်တွေကို သင်တန်းပေးခဲ့တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ အမေရိကန် ကြေးစားစစ်သား မက်သယူး အာရွန်ဗန်ဒိုက်နဲ့ ယူကရိန်းနိုင်ငံသားတွေကို အိန္ဒိယ စုံစမ်းစစ် ဆေးရေး အေဂျင်စီ (NIA) က အကြမ်းဖက်မှုပုဒ်မတွေ ပြန်ရုပ်သိမ်းပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့မတ်လက အိန္ဒိယ လေဆိပ်အသီးသီးမှာ ၎င်းတို့ကို လျှို့ဝှက်စစ်ဆင်ရေးနဲ့ ဖမ်းဆီးခဲ့ပြီး တင်းကြပ်တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ပုဒ်မတွေနဲ့ အမှုဖွင့်ခဲ့ပေမဲ့ ယခုအခါ လူဝင်မှုကြီးကြပ်ရေး ပုဒ် မတွေနဲ့ တရားစွဲထားပါတယ်။

အဆိုပါ ကြေးစားစစ်သားတွေကို အကြမ်းဖက်မှု စွပ်စွဲချက်တွေ ဘာကြောင့် ရုပ်သိမ်းလိုက်တာလဲ လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနကို မေးမြန်းရာမှာ ဒါဟာ ဥပဒေကြောင်းအရ ဆောင်ရွက်ချက်ပဲ ဖြစ် တယ်လို့ ငြင်းဆိုခဲ့ပါတယ်။

NIA ရဲ့ တရားစွဲဆိုချက်အရ ဒီအဖွဲ့ဟာ တရားဝင် ဗီဇာနဲ့ အိန္ဒိယထဲ ဝင်လာပြီးမှ ကန့်သတ်နယ်မြေ ဖြစ်တဲ့ မီဇိုရမ်ပြည်နယ်ကို သွားခဲ့ကြတာပါ။ အဲဒီနောက် မီဇိုရမ်ပြည်နယ်မှတစ်ဆင့် နယ်စပ်ကိုဖြတ်ပြီး မြန်မာနိုင်ငံထဲ ဝင်သွားခဲ့ကြတာလို့ ဆိုပါတယ်။

ဗန်ဒိုက်ကို မတ်လ ၁၃ ရက်နေ့က ကိုးလ်ကတ္တားလေဆိပ်မှာ ဖမ်းမိခဲ့တာဖြစ်ပြီး ကျန်တဲ့ ယူကရိန်း နိုင်ငံသားတွေကိုတော့ ဒေလီနဲ့ လာခ်နောင်းလေဆိပ်တွေမှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

ဗန်ဒိုက်ဟာ Sons of Liberty International (SOLI) အဖွဲ့ကို ထူထောင်သူဖြစ်ပြီး လစ်ဗျားနဲ့ ဆီးရီးယားစစ်ပွဲတွေမှာ ပါဝင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

၎င်းတို့အဖွဲ့ဟာ မြန်မာနိုင်ငံထဲ ဝင်သွားပြီးတဲ့နောက် အိန္ဒိယဆန့်ကျင်ရေး အဖွဲ့တွေနဲ့ ဆက်နွှယ် နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ သွားရောက် ပူးပေါင်းခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။

၎င်းတို့ဟာ ဥရောပမှ ဒရုန်း အများအပြားကို အိန္ဒိယကနေတစ်ဆင့် မြန်မာနိုင်ငံထဲ သယ်သွားခဲ့ ကြတယ်လို့ NIA က ဆိုပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ် ကြားနာမှုမှာတော့ ဒီအဖွဲ့ဟာ မြန်မာနိုင်ငံမှာ ခရီးသည်တင် လေယာဉ်တစ် စင်းကို ဒရုန်းနဲ့ တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်နေတယ်လို့ အိန္ဒိယက တရားရုံးမှာ ထုတ်ပြောခဲ့ပါတယ်။

ဒီအဖွဲ့ဟာ မြန်မာနိုင်ငံအခြေစိုက် ခေါင်းဆောင်တွေနဲ့ ဆက်နွှယ်နေတဲ့ အချက်တွေကိုလည်း ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဒေလီတရားရုံးက အဆိုပါအမှုကို လာမယ့် အောက်တိုဘာ ၁ ရက်နေ့မှာ ထပ်မံ စစ်ဆေးဖို့ ချိန်းဆို ထားပါတယ်။

ကိုးကား – India Today
Ref; In big twist, NIA drops terror charges against US mercenary VanDyke and others