ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၉ ရက်
အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ရဲ့ သုံးပွင့်ဆိုင် ၅ ရက်တာ စစ်ရေးလေ့ကျင့်မှုကို မြောက် ကိုရီးယားနိုင်ငံက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး အမေရိကန်ရဲ့ ရန်စမှုတွေအတွက် တုံ့ပြန်မှုတွေ ပြု လုပ်မယ်လို့ သတိပေးလိုက်ပါတယ်။
Freedom Edge လို့ အမည်ပေးထားတဲ့ အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ဂျပန်နိုင်ငံ Yokota လေ တပ်စခန်းမှာ စတင်ခဲ့ပြီး သောကြာနေ့အထိ ပြုလုပ်မယ်လို့ အမေရိကန် ပစိဖိတ်စစ်ဌာနချုပ်က ထုတ်ပြန် ထားပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုကို တောင်ကိုရီးယားနိုင်ငံအနီး နိုင်ငံတကာရေပြင်နဲ့ လေပိုင်နက်တွေအပြင် ဂျပန်နိုင်ငံရှိ စစ်စခန်းတွေနဲ့ ကွပ်ကဲရေးစခန်းတွေမှာ ပြုလုပ်နေပါတယ်။
စစ်ရေးလေ့ကျင့်မှုမှာ လေကြောင်း၊ ရေကြောင်း၊ ဆိုက်ဘာဒိုမိန်းတွေနဲ့ ပူးပေါင်းစစ်ဆင်ရေး ပြု လုပ်နိုင်စွမ်းအပြင် လေကြောင်းနဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်တွေကို အဓိက လေ့ကျင့်နေကြတာပါ။
တောင်ကိုရီးယားနိုင်ငံက ဒီစစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည် ခြိမ်းခြောက်မှုတွေကို ဟန့်တားဖို့ဖြစ်ပြီး ကာကွယ်ရေးသဘော သက်ဝင်တယ်လို့ ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံက သုံးနိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်မှုဟာ မိမိတို့နိုင်ငံအပါအဝင် ဒေသတွင်း နိုင်ငံတွေအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်လို့ စွပ်စွဲပါတယ်။
အမေရိကန်ရဲ့ ရန်စတဲ့ စစ်ရေးလှုပ်ရှားမှုတွေကို တုံ့ပြန်တဲ့ အရေးယူမှုတွေ ပြုလုပ်မယ်လို့ မြောက် ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ ကိုရီးယားကျွန်းဆွယ်မှာ ပဋိပက္ခဖြစ် ပွားနိုင်ခြေကို မြင့်တက်စေတယ်လို့ မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ကင်ဆောင်ဂျီက ပြောပါ တယ်။
အဆိုပါ စစ်ရေးလှုပ်ရှားမှုများကြောင့် ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ အကျိုးဆက်တွေကို လည်း မြောက်ကိုရီးယားက ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။
အမေရိကန်ရဲ့ ရန်လိုမှုတွေကို အပြင်းထန်ဆုံး နည်းလမ်းတွေနဲ့ တုံ့ပြန်မယ်ဆိုတဲ့ ပြုံယမ်းရဲ့မူဝါဒ မှာ ပြောင်းလဲမှာမဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တောင်ကိုရီးယားနဲ့ သီးခြားပြုလုပ်မယ့် ပူးတွဲစစ်ရေးလေ့ ကျင့်မှုတွေကို ပမာဏလျှော့ချဖို့ ကာကွယ်ရေးဝန်ကြီး ပိတ်ဟက်ဆက်ကို ညွှန်ကြားထားကြောင်း ပြောပါ တယ်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုတွေဟာ ကုန်ကျစရိတ်ကြီးမားပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင် ဂျောင်အန်ထံ မလိုလားအပ်တဲ့ ရန်လိုသော အချက်ပြမှုများ ပေးပို့သလို ဖြစ်စေတယ်လို့ ၎င်းက ပြောပါ တယ်။
ကိုးကား – TRT World
Ref; North Korea slams joint drills by US, South Korea and Japan, warns of consequences