ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၈ ရက်
မြန်မာနိုင်ငံရဲ့ ဆိုးရွားလာတဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ဖြေရှင်းနိုင်ဖို့ အပြည်ပြည်ဆိုင် ရာ ရာဇဝတ်တရားရုံး (ICC) သို့ လွှဲပြောင်းပေးကြဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်ကာတပ်ခ်က အဖွဲ့ဝင်နိုင်ငံတွေကို တနင်္လာနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ၆၃ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မိန့် ခွန်းပြောကြားစဉ် ၎င်းက အခုလို တောင်းဆိုခဲ့ပြီး နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေမှာ နှစ်ပေါင်းများစွာ ကြာ မြင့်ခဲ့ပေမယ့် အကျိုးသက်ရောက်မှု မရှိခဲ့ဘူးလို့ ထောက်ပြပါတယ်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို ချိုး ဖောက်ရာမှာ အသုံးပြုနိုင်တဲ့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီနဲ့ အဓိက အသုံးအဆောင်ပစ္စည်းများ မြန်မာ နိုင်ငံသို့ တင်ပို့နေမှုကို ချက်ချင်း ရပ်တန့်ကြဖို့ ၎င်းက တောင်းဆိုပါတယ်။
အစီရင်ခံစာ ကာလအတွင်း အရပ်သား ၁,၂၀ဝ ထက်မနည်း သေဆုံးခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ပြီး အခြားသတင်းရင်းမြစ်တွေအရ သေဆုံးသူ အရေအတွက်ဟာ ၃,၀၀၀ ကျော်အထိ ရှိနိုင်တယ်လို့ ဆိုပါ တယ်။ အရပ်သားတွေ သေဆုံးရတဲ့ အဓိက အကြောင်းအရင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လို့ သူက ဆိုပါတယ်။

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာတွေရဲ့ အခြေအနေမှာ အလွန် ဆိုးရွားနေပြီး မတရား ဖမ်းဆီးခံရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်းနဲ့ အဓမ္မ စစ်သားစုဆောင်းခြင်းတွေ ရင် ဆိုင်နေရတယ်လို့ ဗော်ကာတပ်ခ်က ထောက်ပြပါတယ်။
နိုင်ငံတကာ ဥပဒေအတိုင်း လိုက်နာဆောင်ရွက်နေတဲ့ သက်သေအထောက်အထားတွေ မရှိဘဲ မြန်မာစစ်အုပ်စုနဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်အောင် လုပ်ဆောင်နေတဲ့ ကြိုးပမ်းမှုတွေကိုလည်း ၎င်းက သ တိပေးပါတယ်။
ထိတွေ့ဆက်ဆံမှုတိုင်းဟာ အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ခွင့်ရရှိရေးနဲ့ မတရား ဖမ်းဆီးထားသူတွေကို လွှတ်ပေးရေးဆိုတဲ့ အချက်တွေပေါ်မှာ အခြေခံရ မယ်လို့ သူက ဆိုပါတယ်။
မတည်ငြိမ်မှု အခြေအနေတွေကြောင့် ရိုဟင်ဂျာနဲ့ အခြား ဒုက္ခသည်တွေကို ပြန်စေလွှတ်ဖို့ မဖြစ် နိုင်သေးဘဲ အဓမ္မ ပြန်ပို့ပါက အပြည်ပြည်ဆိုင်ရာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာရောက် မယ်လို့ ၎င်းက သတိပေးပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော ဗဟိုစုံစမ်းစစ်ဆေးရေး ယန္တရား (IIMM) အကြီးအကဲ နီကို လတ်စ်ခွန်ဂျန်က မြန်မာနိုင်ငံမှာ ကြီးလေးသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတွေကို ကျူးလွန်နေကြ တယ်လို့ ထုတ်ဖော်ပြောပါတယ်။
စုံစမ်းစစ်ဆေးသူတွေအနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ ပါဝင်သူတွေကို စုံစမ်းဖော်ထုတ်ပြီး ကူညီကယ်ဆယ်သူများကို ထပ်မံ တိုက်ခိုက်သည့် စစ်ဆင်ရေးတွေကိုလည်း မှတ်တမ်းတင်ခဲ့ပါတယ်။
IIMM အနေဖြင့် ကျူးလွန်သူတွေကို ဖော်ထုတ်နိုင်ဖို့ သက်သေရင်းမြစ် ၁,၆၀၀ ကျော်နဲ့ သက်သေ ၁,၇၅၀ ကျော်ထံမှ အထောက်အထားတွေ စုဆောင်းထားရှိပြီး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လများအတွင်း အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICJ) မှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေအတွက် IIMM က အဓိက အထောက်အထားတွေကို ပံ့ပိုးပေးခဲ့တယ် လို့ နီကို လတ်စ်ခွန်ဂျန်က ပြောပါတယ်။
ကိုးကား – Anadolu
Ref: UN rights chief urges states to refer Myanmar situation to ICC