ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၈ ရက်
အိန္ဒိယနိုင်ငံအတွင်းသို့ မြန်မာနဲ့ အာဖဂန်နစ္စတန်နိုင်ငံတို့မှ မူးယစ်ဆေးဝါးတွေ ဝင်ရောက်လာမှု ကို တားဆီးဖို့ နယ်စပ်တွေကို ပိတ်မယ်လို့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီး အေမစ်ရှားက တနင်္ဂနွေနေ့မှာ ပြော ကြားလိုက်ပါတယ်။
လာမည့် ၃ နှစ်အတွင်း အိန္ဒိယကို မူးယစ်ဆေးဝါး ကင်းစင်သော နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေရမယ် လို့ ၎င်းက ဆက်ပြောပါတယ်။
အိန္ဒိယနိုင်ငံဟာ မူးယစ်ဆေးဝါး ထုတ်လုပ်ရာ ဗဟိုချက်မနိုင်ငံနှစ်ခုကြား ပိတ်မိနေပြီး မြန်မာနယ် စပ်ကို ခြံစည်းရိုးခတ်နေပေမယ့် နယ်မြေအနေအထား ရှုပ်ထွေးမှုတွေ ရှိနေတယ်လို့ သူက ဆိုပါတယ်။
မူးယစ်ဆေးဝါး ကင်းစင်ရေးအတွက် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လမှ ၂၀၂၉ ခုနှစ်၊ ဇွန်လအထိ ၃ နှစ်တာ လမ်းပြမြေပုံ ပြင်ဆင်ထားပြီး ၎င်းကိုယ်တိုင် ပြည်နယ်အားလုံး ကွင်းဆင်းဆောင်ရွက်မယ်လို့ အေမစ်ရှား က ပြောပါတယ်။
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဟာ နတ်ဆဲလ်သောင်းကျန်းမှုကို နှိမ်နင်းပြီးနောက် အိန္ဒိယနိုင်ငံရဲ့ အကြီးမားဆုံး အမျိုးသားရေး တိုက်ပွဲတစ်ခုဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။
အိန္ဒိယနိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါး ၁ ဂရမ်မျှ စိမ့်ဝင်မှုကို ခွင့်မပြုသလို ပြည်ပသို့ ထွက်ခွာခြင်း ကိုလည်း လက်ခံမှာမဟုတ်ဘဲ လျို့ဝှက် မူးယစ်ဆေးဝါး ဓာတ်ခွဲခန်း ၁၀၀ ခန့်ကို ဖျက်ဆီးမယ်လို့ သူက ပြောပါတယ်။
မူးယစ်ဆေးဝါး ကွန်ရက်တွေကို ဖြိုခွဲဖို့ ရောင်းလိုအား လျှော့ချရေး၊ ဝယ်လိုအား လျှော့ချရေး၊ ထိ ခိုက်မှု လျှော့ချရေးနဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုတဲ့ မဟာဗျူဟာ ၄ ရပ်နဲ့ အိန္ဒိယက ဆောင်ရွက်နေပါ တယ်။
အဆိုပါမဟာဗျူဟာအရ မြန်မာ၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့ ပါဝင်တဲ့ ရွှေတြိဂံလမ်းကြောင်းနဲ့ အာဖ ဂန်နစ္စတန် ပါဝင်တဲ့ သေခြင်းလခြမ်းကွေးလမ်းကြောင်းတို့မှ စိမ့်ဝင်မှုကို ဟန့်တားမှာ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ၁၂ နှစ်တာအတွင်း ရူပီး ၁ ဒသမ ၈၉ ထရီလီယံ တန်ဖိုးရှိ မူးယစ် ဆေးဝါး ကီလိုဂရမ် ၁၁ ဒသမ ၉ သန်းကျော် ဖမ်းဆီးနိုင်ခဲ့တယ်လို့ အေမစ်ရှားက ပြောပါတယ်။
၂၀၂၄ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဇွန်လအတွင်း မူးယစ်ဆေးဝါးနဲ့ ဆက်စပ်သည့် ရူပီး ၁၈ ဒသမ ၄၁ ဘီလီ ယံ တန်ဖိုးရှိ တရားမဝင် ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းခဲ့ပါတယ်။
မူးယစ်ဆေးဝါး မှောင်ခိုကူးမှုမှာ ပါဝင်ပတ်သက်ပြီး ပြည်ပသို့ ထွက်ပြေးလွတ်မြောက်နေတဲ့ ရာဇ ဝတ်သား ၁၀၀ ထက်မနည်းကို ပြန်ခေါ်ဆောင်နိုင်ခဲ့ပါတယ်။
အိန္ဒိယအစိုးရဟာ အမျိုးသားလုံခြုံရေးနဲ့ လူငယ်တွေရဲ့ အနာဂတ်အတွက် မူးယစ်ဆေးဝါး တိုက် ဖျက်ရေးကို ပြတ်ပြတ်သားသား ဆောင်ရွက်မယ်လို့ အေမက်ရှားက ဆိုပါတယ်။
ကိုးကား – TOT
Ref; Shah vows to seal Myanmar border to stop drug inflow