ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၇ ရက်
အမေရိကန်ပြည်ထောင်စု၊ မိုင်ယာမီ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အမေဇုန်ကုမ္ပဏီမှ ကုန်တင် လေယာဉ်တစ်စင်း ပြေးလမ်းချော်ပြီး မြေပြင်က မော်တော်ယာဉ်တွေကို ဝင်တိုက်မိခဲ့လို့ လူ ၅ ဦး သေဆုံး ပြီး ၅ ဦး ဒဏ်ရာရသွားတယ်လို့ အာဏာပိုင်တွေက အတည်ပြုပါတယ်။
ပွာတိုရီကိုနိုင်ငံ၊ ဆန်ဝမ်မြို့မှ ပျံသန်းလာတဲ့ အဆိုပါ Boeing 767-300 ကုန်တင်လေယာဉ်ဟာ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီဝန်းကျင်မှာ လေဆိပ်ကို ဆင်းသက်စဉ် ပြေးလမ်းချော်ခဲ့တာပါ။
လေယာဉ် ပြေးလမ်းချော်ပြီး အနီးက မော်တော်ယာဉ်တွေကို တိုက်မိခဲ့တာကြောင့် လူ ၅ ဦး သေ ဆုံးခဲ့ရပြီး ဒဏ်ရာရသူ ၅ ဦးထဲက ၃ ဦးမှာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ မိုင်ယာမီ-ဒိဒ် ကောင် တီ မြို့တော်ဝန် ဒါနီအယ်လာ လီဗိုင်းကာဗာက ပြောပါတယ်။
မတော်တဆမှု ဖြစ်ပြီးပြီးချင်း လေယာဉ် မီးလောင်ခဲ့သလို အချို့သူတွေလည်း မော်တော်ယာဉ် တွေထဲ ပိတ်မိနေခဲ့လို့ ကယ်ဆယ်ရေးအဖွဲ့တွေက အရေးပေါ် ကယ်ထုတ်ခဲ့ရပါတယ်။
အခင်းဖြစ်ပွားရာနေရာကို မီးသတ်သမား ၂၀၀ ကျော် ရောက်ရှိလာပြီး လေယာဉ်ပေါ်က လောင် ကျွမ်းနေတဲ့ မီးငြှိမ်းသတ်နိုင်ခဲ့ပေမဲ့ လောင်စာဆီ ယိုစိမ့်မှုတွေကို ထိန်းသိမ်းနေရဆဲဖြစ်ပါတယ်။
လေယာဉ်ပြေးလမ်းချော်ရတဲ့ အဓိက အကြောင်းအရင်းကို အတိအကျ မသိရသေးဘဲ အမေရိကန် အမျိုးသား ပို့ဆောင်ရေး လုံခြုံရေးဘုတ်အဖွဲ့ (NTSB) က စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီဖြစ်ပါတယ်။
မက္ကဆီကိုနဲ့ ကာရစ်ဘီယံဒေသကို ပျံသန်းမှုများတဲ့ အဆိုပါလေဆိပ်မှာ ယခုဖြစ်စဉ်ကြောင့် လေ ယာဉ်ခရီးစဉ်တွေကို ယာယီ ရပ်ဆိုင်းခဲ့ရပြီး ခရီးသည် အများအပြား ခရီးစဉ်ကြန့်ကြာမှုတွေ ကြုံတွေ့ခဲ့ရပါ တယ်။
အခုလို အဆိုးရွားဆုံး မတော်တဆမှု ဖြစ်ပွားခဲ့တဲ့ အမေဇုန် ကုန်တင်လေယာဉ်ကို မြောက်ကာရို လိုင်းနားပြည်နယ်အခြေစိုက် 21 Air လေကြောင်းလိုင်းက တာဝန်ယူ ပျံသန်းခဲ့တာ ဖြစ်ပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်လို့ အမေဇုန် အာဏာပိုင်တွေက စုံစမ်းစစ်ဆေးရေး အဖွဲ့တွေနဲ့ အပြည့် အဝ ပူးပေါင်းဆောင်ရွက်မယ်လို့ ထုတ်ပြန်ပါတယ်။
မတော်တဆမှု ဖြစ်ပွားချိန်မှာ လေဆိပ်ဝန်းကျင်မှာ မိုးသက်လေပြင်းတွေ တိုက်ခတ်နေခဲ့တယ်လို့ FlightRadar24 ရဲ့ လေကြောင်းဆိုင်ရာ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
ယခုဖြစ်စဉ်ဟာ အမေရိကန်မှာ ခရီးသွားလာသူ အများဆုံးဖြစ်တဲ့ အလုပ်သမားနေ့ ရုံးပိတ်ရက် ကာလအတွင်း ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ သက်ဆိုင်ရာ အာဏာပိုင်တွေက အပျက်အစီးတွေကို ရှင်းလင်းနေပြီး စုံစမ်းစစ်ဆေးမှု တွေ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပါတယ်။
ကိုးကား – BBC
Ref; Five dead after Amazon cargo plane crashes at Miami airport