ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၇ ရက်

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေကို ပမာဏလျှော့ချလိုက်တဲ့အ ပေါ် တရုတ်နိုင်ငံက အာရှ-ပစိဖိတ်ဒေသမှာ ဩဇာအာဏာ ပြန်လည်ထူထောင်ဖို့ အခွင့်အရေးအဖြစ် အ သုံးပြုသွားနိုင်တယ်လို့ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတိုတီယိုဒိုရိုက သတိပေးလိုက်ပါတယ်။

တီယိုဒိုရိုက တရုတ်နိုင်ငံဟာ အားနည်းချက် သို့မဟုတ် ဟာကွက် ပေါ်ပေါက်လာပါက အလွန် လျင်မြန်စွာ အခွင့်ကောင်းယူတတ်တဲ့ သဘာဝရှိတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

စစ်ရေးလေ့ကျင့်မှုတွေကို အရွယ်အစားလျှော့ချခဲ့ပေမယ့် ဖိလစ်ပိုင်နိုင်ငံအပေါ် အမေရိကန်ရဲ့ က တိကဝတ်တွေ ပြောင်းလဲမှုမရှိကြောင်း အမေရိကန်က အခိုင်အမာ ကတိပြုထားတယ်လို့ ၎င်းက ဆက် ပြောပါတယ်။

တရုတ်နိုင်ငံဟာ ဒီမိုကရေစီစနစ်ကို အလွဲသုံးစားလုပ်ကာ အမှန်တရားကို ပုံဖျက်တဲ့ သတင်းအ ချက်အလက်တွေကို ဖြန့်ဝေနေတယ်လို့ သူက စွပ်စွဲပါတယ်။

ပြီးခဲ့တဲ့လအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမိန့်အရ အမေရိကန်- တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်မှု ကြာချိန်ကို လျှော့ချခဲ့ပြီး စစ်ရေးလေ့ကျင့်ခန်း အချို့ကိုပါ ဖျက်သိမ်းခဲ့တာပါ။

အဆိုပါ စစ်ရေးလေ့ကျင့်မှုတွေဟာ မူလ လျာထားတဲ့ရက်ထက် ၆ ရက် စောပြီး ပြီးဆုံးခဲ့ရတာ ဖြစ် ပါတယ်။

ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် ကောင်းမွန်တဲ့ ဆက်ဆံရေးရှိ ကြောင်း အကြောင်းပြခဲ့သလို တောင်ကိုရီးယားက အီရန်စစ်ပွဲမှာ ပါဝင်ဖို့ ငြင်းဆန်ခဲ့မှုနဲ့ ဆက်စပ်နေတယ် လို့ ဆိုပါတယ်။

တောင်ကိုရီးယား သမ္မတရုံးက အိုမန်ရေလက်ကြားမှာ အမေရိကန်ရဲ့ ရေကြောင်းလွတ်လပ်ခွင့် လုပ်ငန်းစဉ်တွေမှာ ကူညီပေးဖို့ စဉ်းစားနေကြောင်း ပြောဆိုခဲ့ပေမယ့် လက်ရှိမှာ တိကျတဲ့ ဆုံးဖြတ်ချက် မချရသေးပါဘူး။

ဒေါ်နယ်ထရမ့်က ဒီနှစ်အတွင်း ကင်ဂျုံအန်နဲ့ တွေ့ဆုံဖို့ စီစဉ်နေကြောင်း ပြောကြားခဲ့ပေမယ့် ကင် ဂျုံအန်၏ ညီမဖြစ်သူ ကင်ယိုဂျောင်က ထိုပြောဆိုချက်ကို ငြင်းဆိုခဲ့ပါတယ်။

အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ဟာ တနင်္လာနေ့မှစပြီး ဂျေဂျူကျွန်းအနီးမှာ ၅ ရက်ကြာ သုံးပွင့်ဆိုင် စစ်ရေးလေ့ကျင့်မှုတွေ စတင်နေပြီဖြစ်ပါတယ်။

Freedom Edge အမည်ရှိ အဆိုပါစစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံး ကျည်ခြိမ်းခြောက်မှုတွေကို ဟန့်တားဖို့ ကာကွယ်ရေး အသွင်ဆောင် လေ့ကျင့်မှုဖြစ်တယ်လို့ တောင်ကိုရီး ယားစစ်တပ်က ထုတ်ပြန်ပါတယ်။

မြောက်ကိုရီးယားက ယခုစစ်ရေးလေ့ကျင့်မှုကို ပြင်းထန်စွာ ဝေဖန်ထားပြီး ရုရှားနဲ့ တရုတ်ကို ပိတ်ဆို့ဝိုင်းဝန်းဖို့ အမေရိကန်ရဲ့ ကြံစည်မှုဖြစ်ကြောင်း စွပ်စွဲထားပါတယ်။

ကိုးကား – Al Jazeera
Ref; Philippines warns China may reassert itself amid US-South Korea drill cuts