ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၇ ရက်
ရန်သူတွေကို အမြစ်ပြတ် လက်တုံ့ပြန် တိုက်ခိုက်နိုင်စွမ်းရှိတဲ့ စစ်သင်္ဘောတစ်စင်းကို တပ်တော် ဝင်လိုက်ပြီလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောဆိုလိုက်ပါတယ်။
ကိုရီးယားစစ်ပွဲအတွင်း သေဆုံးခဲ့တဲ့ စစ်ခေါင်းဆောင်ရဲ့ အမည်ကို အစွဲပြုမှည့်ခေါ်ထားတဲ့ “Kang Kon” အမည်ရှိ အဆိုပါစစ်သင်္ဘော တပ်တော်ဝင်အခမ်းအနားကို ကန်းဝွန်ပြည်နယ်ရှိ ဝွန်ဆန်ဆိပ်ကမ်း မှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တာပါ။
အဆိုပါစစ်သင်္ဘောဟာ မြောက်ကိုရီးယားရဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ အ မျိုးသားဂုဏ်သိက္ခာနဲ့ သန္နိဋ္ဌာန်ကို ဖော်ပြနေပြီး ပင်လယ်ပြင်နဲ့ ရေအောက်မှာ အချုပ်အခြာအာဏာ ကျင့် သုံးရမည့် အချိန်ရောက်ပြီလို့ ကင်ဂျုံအန်က ပြောပါတယ်။

ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ပင်လယ်ပြင်နဲ့ အနီးဝန်းကျင် ရေပြင်တွေမှာ အစဉ်အမြဲ ခြိမ်း ခြောက်မှုတွေ ခံနေရတာကြောင့် အန္တရာယ်ရှိတဲ့ ရန်သူ့အရိပ်အယောင်တွေကို ချေမှုန်းပစ်ရမယ်လို့ ၎င်း က ဆိုပါတယ်။
ယခုစစ်သင်္ဘောမှာ ပါဝင်တဲ့ လက်နက်စနစ် အသေးစိတ်ကို ထုတ်ပြန်ခြင်း မရှိသေးပေမဲ့ ဇွန်လက ရေချခဲ့တဲ့ တန် ၅,၀၀၀ စစ်သင်္ဘော Choe Hyon မှာပါတဲ့ လက်နက်စနစ်အတိုင်း တပ်ဆင်ထားတာပါ။
အဆိုပါ စစ်သင်္ဘောအမျိုးအစားတွေဟာ နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်သော ဒုံးကျည်တွေအ ပါအဝင် လက်နက်မျိုးစုံကို တင်ဆောင်နိုင်စွမ်းရှိတယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ထားပါတယ်။
ယခုသင်္ဘောဟာ ၂၀၂၅ ခုနှစ်၊ မေလက ပထမအကြိမ် တပ်တော်ဝင်စဉ် တိမ်းမှောက်ခဲ့ဖူးလို့ ပြန်ပြု ပြင်ခဲ့ရပြီး ယခုနှစ် ဇူလိုင်လမှာ လက်နက်စမ်းသပ်မှုတွေ အပြီးသတ်ကာ တတိယအကြိမ်မြောက် တပ် တော်ဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
နောက်ထပ် ၈ လအကြာမှာ မြောက်ကိုရီးယားရေတပ် အဆင့်မြှင့်တင်မှု နောက်ထပ်ခြေလှမ်း တစ်ခုကို ထပ်မံ ပြသသွားမယ်လို့ ကင်ဂျုံအန်က ဆိုပါတယ်။
ကင်ဂျုံအန်ဟာ နျူကလီးယားတပ်ဖွဲ့ကို တိုးချဲ့နေရာမှာ ရေတပ်ကို ခေတ်မီအောင် ပြုပြင်ပြောင်း လဲဖို့ ကြိုးပမ်းမှုတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေတာပါ။
အရှေ့ဘက်ကမ်းရိုးတန်းမှာ ရေတပ်စခန်းတွေ တည်ဆောက်နေပြီး ရေတပ်တပ်ဖွဲ့အသစ်တွေနဲ့ စစ်သင်္ဘော အမျိုးအစားပေါင်းစုံကို ဆက်လက်တည်ဆောက်မယ်လို့ သိရပါတယ်။
နျူကလီးယားလက်နက်ပိုင်နိုင်ငံအဖြစ် ကြေညာထားတဲ့ မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့၏ ခြိမ်းခြောက်မှုကို ဟန့်တားဖို့ စစ်အင်အား တိုးချဲ့နေတာလို့ ဆိုပါတယ်။
ကိုရီးယားကျွန်းဆွယ်မှာ အမေရိကန်နဲ့ တောင်ကိုရီးယား မဟာမိတ်တွေဟာ ဒေသတွင်းကို နျူက လီးယားစစ်ပွဲ အနားသတ်အထိ တွန်းပို့နေတယ်လို့လည်း ကင်ဂျုံအန်က စွပ်စွဲထားပါတယ်။
ကိုးကား – Al Jazeera
Ref; North Korea deploys warship ‘capable of annihilating retaliatory strikes’