ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၆ ရက်

 

အင်ဒိုနီးရှားနိုင်ငံရဲ့ အဓိက အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မီးတောင်ပြာတွေ ဖုံးလွှမ်းသွားခဲ့လို့ လေယာဉ်ခရီးစဉ်ပေါင်း ရာနဲ့ချီ ရပ်ဆိုင်းခဲ့ရပြီး ခရီးသည် အမြောက်အများ သောင်တင်ခဲ့ပါတယ်။

 

ဂျာကာတာမြို့ရှိ ဆူကာနိုဟတ်တာ အပြည်ပြည်ဆိုင်ရာလေဆိပ်အနီး အာနက်ကရာကာတိုအာ မီးတောင်မှ မီးခိုးပြာတွေကြောင့် လေကြောင်းလိုင်းတွေဟာ တနင်္ဂနွေနေ့ မနက်ပိုင်းက လေယာဉ်ခရီးစဉ် ၂၀၉ ခုကို ဆိုင်းငံ့လိုက်ပါတယ်။

 

အဆိုပါမီးတောင်ဟာ သောကြာနေ့ညဉ့်နက်ပိုင်းကတည်းက စတင် ပေါက်ကွဲခဲ့တာဖြစ်ပြီး ဆက် တိုက်ဆိုသလို ငလျင်လှုပ်ခတ်မှုတွေ၊ ချော်ရည်ပန်းထွက်မှုများနဲ့အတူ အနီးဝန်းကျင် ဒေသတွေအထိ ကျယ်လောင်တဲ့အသံတွေ ထွက်ပေါ်ခဲ့တာပါ။

တနင်္ဂနွေနေ့ နံနက်ပိုင်းမှာ နောက်ထပ် မီးတောင်ပေါက်ကွဲမှု နှစ်ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့ ကြောင်း အာဏာပိုင်တွေက အတည်ပြုပါတယ်။အခုလို လေယာဉ်ခရီးစဉ်တွေ ခေတ္တ ရပ်ဆိုင်းလိုက်ရမှုကြောင့် ခရီးသည် ၂၂,၀၀၀ ကျော် ကြန့်ကြာ ခဲ့ရပြီး ရပ်ဆိုင်းချိန်ကိုလည်း မွန်းလွဲ ၁ နာရီခွဲအထိ ထပ်မံ တိုးမြှင့်လိုက်ပါတယ်။

 

ပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ရပ်ဆိုင်းလိုက်ရတဲ့ ခရီးစဉ်တွေအနက် စင်ကာပူ ခ ရီးစဉ်တွေ အများစု ပါဝင်နေပြီး ဒိုဟာ၊ ဆစ်ဒနီနှင့် ကွာလာလမ်ပူ အပါအဝင် အခြား နိုင်ငံတကာ ခရီးစဉ် တွေလည်း ပါဝင်ပါတယ်။ဂျာဗားနဲ့ ဆူမားတြားကျွန်းနှစ်ခုကြား ဆွန်ဒါရေလက်ကြားမှာ တည်ရှိတဲ့ အဆိုပါမီးတောင် ပေါက် ကွဲမှုကြောင့် ဆူနာမီ ဘေးအန္တရာယ် သတိပေးချက် ထုတ်ပြန်ထားခြင်း မရှိသေးဘူးလို့ အာဏာပိုင်တွေ က ပြောပါတယ်။

 

အသက်ရှူလမ်းကြောင်း၊ မျက်စိနဲ့ အရေပြား ထိခိုက်မှုတွေ မဖြစ်ပေါ်စေဖို့ ဒေသခံတွေအနေနဲ့ အိမ်တွင်းနေထိုင်ကြဖို့နဲ့ နှာခေါင်းစည်းတွေ တပ်ဆင်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါ တယ်။

 

အဆိုပါမီးတောင်ဟာ ၁၈၈၃ ခုနှစ် ကရာကာတိုအာ မီးတောင်ကြီး ပေါက်ကွဲပြီးနောက် ပင်လယ် ရေပြင်အောက်မှ ထွက်ပေါ်လာသည့် မီးတောင်တစ်ခုလည်း ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ရာစုနှစ် အစောပိုင်းကတည်းက ပေါ်ထွက်လာတဲ့ အဆိုပါမီးတောင်ဟာ မကြာခဏဆိုသ လို မီးတောင်ပြာတွေနဲ့ ချော်ရည်တွေ ပန်းထုတ်လေ့ရှိသည့် မီးတောင်ရှင်တစ်ခုလည်း ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ မီးတောင်နှင့် ငလျင် လှုပ်ရှားမှု ပေါများတဲ့ ပစိဖိတ်မီးကွင်းပေါ်မှာ တည်ရှိနေတာပါ။

 

လက်ရှိမှာ သက်ဆိုင်ရာ လေကြောင်းလိုင်းတွေနဲ့ လေဆိပ်အာဏာပိုင်တွေက ရာသီဥတုနဲ့ မီး တောင်ပြာမှုတ်ထုတ်မှု အခြေအနေကို အနီးကပ် စောင့်ကြည့်လျက်ရှိပါတယ်။

 

ကိုးကား – BBC
Ref; Volcano eruption triggers flight suspensions at Indonesia’s main airport