ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၆ ရက်

ဂျပန်နိုင်ငံအလယ်ပိုင်း၊ ဂိဖုခရိုင်ရှိ မုန့်ဆိုင်တစ်ဆိုင်မှာ စနေနေ့ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့လို့ လူ ၂ ဦး သေဆုံးပြီး ၃ ဦးကို ဆေးရုံတင်လိုက်ရပါတယ်။

မိုတိုစုမြို့မှာရှိတဲ့ အဆိုပါမုန့်ဆိုင်နဲ့ နေအိမ် တွဲရိုက်ထားတဲ့ နှစ်ထပ်အဆောက်အအုံမှာ ဓါတ်ဆီ လောင်း မီးရှို့မှုနဲ့ ဓားထိုးမှု ဖြစ်ပွားခဲ့ကြောင်း ည ၉ နာရီဝန်းကျင်မှာ ရဲတပ်ဖွဲ့ထံ သတင်းပို့မှု ရောက်ရှိခဲ့ တာပါ။

အဆိုပါ မီးလောင်မှုကို မီးသတ်တပ်ဖွဲ့က သုံးနာရီနီးပါး ငြှိမ်းသတ်ခဲ့ရပါတယ်။

မီးလောင်မှုမဖြစ်ပွားမီ အသက် ၆၆ နှစ်အရွယ် မုန့်ဆိုင်ပိုင်ရှင် အမျိုးသမီးနဲ့ သူမရဲ့ မိတ်ဆွေ ၁၀ ဦး၊ စုစုပေါင်း ၁၁ ဦးဟာ အဆောက်အအုံအတွင်း စုဝေးနေခဲ့ကြတာ ဖြစ်ပါတယ်။

အဆိုပါ အခင်းဖြစ်ပွားရာမှာ ရှိနေသူတစ်ဦးက ဒီဖြစ်စဉ်ကို စတင် ကျူးလွန်ခဲ့တာဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က သံသယရှိနေပြီး အသေးစိတ် စုံစမ်းစစ်ဆေးနေပါတယ်။

ဒဏ်ရာရရှိလို့ ဆေးရုံ ပို့ဆောင်လိုက်ရသူ ၃ ဦးထဲမှာ အသက် ၆၆ နှစ်အရွယ် ဆိုင်ပိုင်ရှင် အမျိုးသ မီးလည်း ပါဝင်နေပါတယ်။
အဆောက်အအုံအတွင်းမှ သေဆုံးသူ ၂ ဦးရဲ့ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ရပြီး မည်သူမည် ဝါဆိုတာကို တာဝန်ရှိသူတွေက စိစစ်နေပါတယ်။

အဆိုပါမီးလောင်မှုနဲ့ ဓားထိုးမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို သိရှိနိုင်ဖို့ ရဲတပ်ဖွဲ့က သက်သေအ ထောက်အထားတွေကို စုံစမ်းနေပါတယ်။

ဖြစ်စဉ်ဖြစ်ပွားရာ နေရာဝန်းကျင်ကိုလည်း အာဏာပိုင်များက ခေတ္တ ပိတ်ဆို့ထားပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆက်လက် ပြုလုပ်နေပါတယ်။

ဒေသခံတွေကြား စိုးရိမ်မှုတွေ ရှိနေလို့ ရဲတပ်ဖွဲ့က အနီးဝန်းကျင် လုံခြုံရေးကို တိုးမြှင့် ဆောင်ရွက် ပေးထားပါတယ်။

ကိုးကား – Xinhua
Ref; Fire at central Japan pastry shop kills 2, injures 3