ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၆ ရက်

အမေရိကန် လေယာဉ်တင်သင်္ဘောတစ်စီးနှင့် ဖျက်သင်္ဘောတစ်စီးတို့ကို ဒုံးကျည်တွေနဲ့ တိုက် ခိုက်ခဲ့ရာ သင်္ဘောတွေ ထိခိုက်ပျက်စီးပြီး တိုက်ပွဲဧရိယာအတွင်းမှ ဆုတ်ခွာသွားခဲ့ကြောင်း အီရန် တော် လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

အမေရိကန် စစ်သင်္ဘောနှစ်စီးဟာ အီရန်သင်္ဘောတွေကို နှောင့်ယှက်နေသလို ရေကြောင်း ပိတ်ဆို့ မှုတွေမှာ ပါဝင်နေတာကြောင့် ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ရတာလို့ အီရန်သတင်းအေဂျင်စီ IRNA က ဖော်ပြ ပါတယ်။

အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) က စစ်သင်္ဘောနှစ်စီး တိုက်ခိုက်ခံရကြောင်း ဝန်ခံထား လို့ အီရန်ရဲ့ စစ်ဆင်ရေး အောင်မြင်မှုကို အတည်ပြုပေးလိုက်တာလို့ IRGC က ဆိုပါတယ်။

အမေရိကန်စစ်တပ်က ရန်လိုသော လုပ်ရပ်များကို ဆက်လုပ်နေရင် ယခုထက် ပိုမို ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ကြုံတွေ့ရမယ်လို့ အီရန်က သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က အီရန် ရေနံတင်သင်္ဘောတွေကို အမေရိကန်က တိုက်ခိုက်ခဲ့မှုအတွက် တုံ့ပြန် မှုအဖြစ် ဟော်မုဇ်ရေလက်ကြားရှိ ရေနံတင်သင်္ဘောသုံးစီးနဲ့ အမေရိကန်နဲ့ ဆက်နွှယ်နေတဲ့ သင်္ဘောသုံး စီးတို့ကို တိုက်ခိုက်ခဲ့ကြောင်း အီရန်ရေတပ်က ပြောပါတယ်။

အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) က အီရန် ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေကို အမေရိ ကန် စစ်သင်္ဘောတွေက အောင်မြင်စွာ ရှောင်ရှားနိုင်ခဲ့လို့ တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘူးလို့ တုံ့ပြန်ထားပါတယ်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက် အမေရိကန်တပ်ဖွဲ့တွေက အီရန်ပိုင် ရေနံစိမ်းတင် သင်္ဘောသုံး စီးကို ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်က အတည်ပြုပါတယ်။

ယခု တိုက်ခိုက်မှုတွေဟာ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ပိုမို ကြီးမားလာတဲ့ ဒေသတွင်းစစ်ပွဲရဲ့ နောက်ဆက်တွဲ ဖြစ်စဉ်တွေလည်း ဖြစ်ပါတယ်။

အီရန်က အဓိက ရေနံတင်ပို့ရာ လမ်းကြောင်းတွေနဲ့ ပင်လယ်ကွေ့အတွင်း အမေရိကန်ရဲ့ စစ်ရေး လှုပ်ရှားမှုတွေကို လုံးဝ လက်ခံမည်မဟုတ်ဘဲ ဆက်လက် တုံ့ပြန်မယ်လို့ ဆိုပါတယ်။

အမေရိကန်စစ်တပ်က ပင်လယ်ကွေ့ဒေသတွင်း ရေကြောင်းလုံခြုံရေးနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံ ရေးအတွက် လိုအပ်ပါက ပြင်းပြင်းထန်ထန် ပြန်တုံ့ပြန်သွားမယ်လို့ အသိပေးထားပါတယ်။

နှစ်ဖက်စလုံးက ရေလမ်းကြောင်းတွေမှာ စစ်ရေးအရ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ ပြု လုပ်နေလို့ ကမ္ဘာ့ ရေနံတင်ပို့မှုနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကိုပါ ထိခိုက်စရာ အခြေအနေ ဖြစ်လာပါ တယ်။

စစ်ပွဲမှာ လပေါင်းများစွာ ကြာမြင့်လာပြီဖြစ်ပေမယ့် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ရလဒ်မထွက် သေးဘဲ တင်းမာမှုများ ပိုမို မြင့်တက်လာပါတယ်။

ကိုးကား – Anadolu
Ref; Iran’s Revolutionary Guards say missiles struck US aircraft carrier, destroyer