ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၄

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်အား လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒုတိယ သမ္မတ ဆာရာဒူတာတေးကို ဖမ်းဆီးဖို့ ဖိလစ်ပိုင် တရားရုံးတစ်ခုက အမိန့်ထုတ်လိုက်ပါတယ်။

ကွီဇုံမြို့တရားရုံးက ဆာရာဒူတာတေးရဲ့ ရှေ့နေတွေဘက်က အယူခံဝင်မှုကို ပယ်ချလိုက်ပြီး နောက် သောကြာနေ့မှာ အခုလို ဖမ်းဝရမ်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဆာရာဒူတာတေးဟာ နိုင်ငံရေးအရ မဟာမိတ်ဖြစ်ခဲ့ဖူးတဲ့ သမ္မတ ဖာဒီနန်မားကိုးစ်နဲ့ သူ့ရဲ့ဇနီး၊ အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်းတို့ကို သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်ခဲ့မှုနဲ့ စွပ်စွဲခံထားရတာပါ

ပြီးခဲ့တဲ့လက စွဲဆိုခဲ့တဲ့ ခြိမ်းခြောက်မှု ၃ မှုအတွက် တစ်မှုလျှင် အာမခံကြေး ဒေါ်လာ ၁,၉၀၀ စီ သတ်မှတ်ထားပြီး အကွဲအပြဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ဆာရာဒူတာတေးအတွက် ဖိအားဝင်လာခဲ့ပါတယ်။

ဒီခြိမ်းခြောက်မှုတွေဟာ အထက်လွှတ်တော်မှာ စစ်ဆေးနေတဲ့ သူမကို ရာထူးမှ ဖြုတ်ချရေး စွပ်စွဲ ပြစ်တင်မှုရဲ့ အဓိက အကြောင်းရင်းလည်း ဖြစ်ပါတယ်။ ပြစ်ဒဏ်ထင်ရှားရင် ရာထူးမှပြုတ်မှာဖြစ်သလို ၂၀၂၈ သမ္မတဖြစ်ရေး အိပ်မက်လည်း အဆုံးသတ်သွားမှာပါ။

ဒီပြဿနာဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ ဆာရာဒူတာတေးက သူသာ အသတ်ခံရရင် သမ္မတ မားကိုးစ်၊ သူ၏ဇနီးနဲ့ ဝမ်းကွဲညီအစ်ကို မာတင်ရိုမူးအဲလ်ဒက်ဇ်တို့ကို ပြန်သတ်ဖို့ ကြေးစားလူသတ်သမား ငှားထားတယ်လို့ ပြောဆိုခဲ့ရာကစပြီး စတင်ခဲ့တာ ဖြစ်ပါတယ်။
ဖာဒီနန်မားကို့စ်နဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်ပြီးနောက်ပိုင်း မိမိရဲ့ လုံခြုံရေးအတွက် စိုးရိမ်လို့ ပြောခဲ့တာဖြစ်ကြောင်း သူမက ပြန်ချေပခဲ့ပါတယ်။
ဆာရာဒူတာတေးရဲ့ ရှေ့နေဖြစ်သူ ပေါလ်လောရင့်စ်လင်မ်က ဒူတာတေးအနေနဲ့ ဥပဒေကို ရှောင် လွှဲဖို့ အစီအစဉ်မရှိဘဲ တရားဥပဒေအတိုင်း ဆက်လက် ရင်ဆိုင်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

တရားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဖမ်းဝရမ်း ထုတ်ထားတာ မှန်ကန်ကြောင်း အတည် ပြုခဲ့ပြီး စစ်ဆေးခံနေရချိန်မှာ တရားစွဲဆိုလို့ မရဘူးဆိုတဲ့ ဒူတာတေးရဲ့ ရှေ့နေအဖွဲ့ ချေပချက်ကို ပယ်ချခဲ့ ပါတယ်။

အာမခံ ရရှိနိုင်တာကြောင့် ဆာရာဒူတာတေးအနေနဲ့ ချက်ချင်း ဖမ်းဆီးခံရဖို့တော့ မရှိပါဘူး။ ဒီရာ ဇဝတ်မှုဟာ အပြစ်ရှိကြောင်း ထင်ရှားပါက ဆာရာဒူတာတေးမှာ အများဆုံး ထောင်ဒဏ် ၆ လ ကျခံရမှာ ဖြစ်ပါတယ်။

အောက်လွှတ်တော်မှာ ရင်ဆိုင်နေရတဲ့အမှုမှာ ဒုသမ္မတ ဖြစ်စဉ်နဲ့ ပညာရေးဝန်ကြီး တာဝန်ယူစဉ် က အဂတိလိုက်စားမှု၊ စာရင်းမပြနိုင်တဲ့ ကြွယ်ဝမှု စွပ်စွဲချက်တွေကြောင့် ပိုမို ကြီးမားတဲ့ နိုင်ငံရေးပုံရိပ် ထိ ခိုက်မှု ဖြစ်လာနိုင်ပါတယ်။

သမ္မတဟောင်း ရိုဒရီဂိုဒူတာတေးရဲ့ သမီးဖြစ်သူ ဆာရာဒူတာတေးနဲ့ မားကိုးစ်တို့ဟာ ၂၀၂၂ ရွေး ကောက်ပွဲမှာ အတူယှဉ်ပြိုင်ခဲ့သူတွေဖြစ်ပြီး နောက်ပိုင်းမှာ မဟာမိတ်ပျက်ပြားကာ ရန်သူတွေ ဖြစ်လာခဲ့ တာပါ။

ကိုးကား – Al Jazeera News
Ref; Philippine court orders arrest of VP Duterte over President Marcos threats