ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၄ ရက်
အိန္ဒိယမှာ ဖမ်းဆီးခံထားရတဲ့ ယူကရိန်းနိုင်ငံသား ၆ ဦးနဲ့ အမေရိကန်နိုင်ငံသားတစ်ဉီးဟာ မြန်မာ နိုင်ငံက အရပ်ဘက်လေယာဉ်တစ်စီးကို ဒရုန်းနဲ့ တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်နေသလို တော်လှန်ရေးအ ဖွဲ့တွေကို ကူညီဖို့ ပြင်ဆင်ခဲ့ကြတယ်လို့ အိန္ဒိယ စုံစမ်းစစ်ဆေးရေးအဖွဲ့က တရားရုံးထံ တင်ပြလိုက်ပါ တယ်။
အဆိုပါ နိုင်ငံခြားသား ၇ ဉီးကို လေဆိပ် ၃ ခုမှာ အိန္ဒိယအာဏာပိုင်တွေက ဖမ်းဆီးခဲ့တာပါ။ ၎င်းတို့ ဟာ နယ်စပ်ဒေသတွေကို ခွင့်ပြုချက်မရှိဘဲ ခိုးဝင်ခဲ့ကြပြီး မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်တွေ ကို ဒရုန်းနည်းပညာနဲ့ စစ်ဆင်ရေးပညာတွေ သင်တန်းပေးခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
အိန္ဒိယ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က ဒေလီတရားရုံးကို တင်ပြရာမှာ အဆိုပါ နိုင်ငံခြားသားတွေဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အရပ်ဘက် လေယာဉ်တိုက်ခိုက်ခံရမှုမှာ ပါဝင်ပတ် သက်နေကြောင်း ခိုင်လုံတဲ့ အချက်အလက်တွေ ရရှိထားတယ်လို့ ဆိုပါတယ်။
စုံစမ်းစစ်ဆေးသူတွေဟာ ဖမ်းဆီးခံထားရတဲ့ ယူကရိန်းနိုင်ငံသား ဗစ်တာကာမင်စကီးနဲ့ အမေရိ ကန် ရုပ်ရှင်ဒါရိုက်တာ မက်သရူးအာရွန်ဗန်ဒိုက်တို့ကို ဒေလီမြို့ တီဟာအကျဉ်းထောင်ထဲမှာ မေးမြန်းခွင့်ရ ရှိခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံသား မက်သရူးဗန်ဒိုက်ဟာ စစ်ပွဲဖြစ်ပွားရာ ဒေသတွေကို သတင်းထောက်နဲ့ ရုပ် ရှင်ရိုက်ကူးသူအဖြစ် သွားရောက်လေ့ရှိသူဖြစ်ပြီး ၂၀၁၄ Tribeca ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး မှတ် တမ်းတင်ရုပ်ရှင်ဆု ရရှိခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
အိန္ဒိယစုံစမ်းရေးအဖွဲ့ရဲ့ အဆိုအရ ယူကရိန်းနိုင်ငံသားတွေဟာ အိန္ဒိယကို ကမ္ဘာလှည့်ခရီးသွားဗီ ဇာနဲ့ ဝင်ရောက်လာပြီးနောက် မီဇိုရမ်ပြည်နယ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ခိုးဝင်ကာ တိုင်းရင်းသား လက် နက်ကိုင်တွေကို ဒရုန်းသင်တန်းတွေ ပေးခဲ့ကြတာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်က ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်မှာ မန္တလေးကို ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ အရပ်ဘက် ခရီးသည်တင် လေယာဉ်တစ်စီးကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ရာမှာ ဒီနိုင်ငံခြား သားတွေ ပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဆိုပါ နိုင်ငံခြားသားတွေဟာ ဥရောပမှ ဒရုန်းနဲ့ ဆက်စပ်ပစ္စည်း အမြောက်အမြားကို အိန္ဒိယမှ တစ်ဆင့် မြန်မာနိုင်ငံသို့ တရားမဝင် တင်သွင်းခဲ့ကြပြီး အိန္ဒိယအစိုးရကို ပုန်ကန်နေတဲ့ လက်နက်ကိုင်အဖွဲ့ တွေကိုပါ ကူညီပေးနေတယ်လို့ စွပ်စွဲထားပါတယ်။
အာဏာပိုင်တွေဟာ တရားခံတွေဆီကနေ သိမ်းဆည်းရမိတဲ့ ဒစ်ဂျစ်တယ် စက်ပစ္စည်းမျိုးစုံကို ဆက်လက် စစ်ဆေးနေပြီး ဓာတ်ပုံ၊ ဗီဒီယိုနဲ့ အသံဖိုင် စတဲ့ သက်သေအထောက်အထား အမြောက်အမြား ကို စိစစ်ဖို့ အချိန်ထပ်မံ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်ရဲ့ နောက်ကွယ်က ပိုမိုကြီးမားတဲ့ ပူးပေါင်းကြံစည်မှုတွေကို ဖော်ထုတ်နိုင်ဖို့အတွက် တ ရားခံတွေကို ဆက်လက် စစ်ဆေးမယ်လို့ စုံစမ်းစစ်ဆေးသူတွေက တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုတွေနဲ့ စစ်ပွဲတွေ ပြင်းထန်နေတာဖြစ်ပြီး လူပေါင်း ၁ သိန်းကျော် သေဆုံးခဲ့ရပြီးဖြစ်တယ်လို့ ပဋိပက္ခ စောင့်ကြည့်ရေးအဖွဲ့ (ACLED) ရဲ့ စာရင်းတွေအရ သိရပါတယ်။
အိန္ဒိယအစိုးရက အဆိုပါ နိုင်ငံခြားသားတွေရဲ့လုပ်ရပ်ဟာ အမျိုးသား လုံခြုံရေးနဲ့ အကျိုးစီးပွားကို တိုက်ရိုက် ထိခိုက်စေတယ်လို့ ယူဆပြီး အမှုအတွက် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် ပြုလုပ်နေပါတယ်။
ကိုးကား – Independent
Ref; Investigators say six Ukrainians and American held in India conspired to help Myanmar rebels carry out attacks