ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၅ ရက်

ယခုသီတင်းပတ်အတွင်း ကျင်းပခဲ့တဲ့ ပစိဖိတ်ကျွန်းစုများဖိုရမ်မှာ တရုတ်နိုင်ငံရဲ့ သံတမန်ရေး ကျင့်သုံးမှုနဲ့ အကြမ်းဖက် ရမ်းကားတဲ့လုပ်ရပ်တွေကို ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီး လင်ကျားလန်က ပြင်း ပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။

ဒီနှစ် ပစိဖိတ်ကျွန်းစုများဖိုရမ်မှာ ထိုင်ဝမ် တက်ရောက်ခွင့်ရရှိခဲ့မှုအပေါ် တရုတ်က ပြင်းပြင်းထန် ထန် ကန့်ကွက်ခဲ့ပြီး ထိုင်ဝမ်ဟာ တက်ရောက်ဖို့ အရည်အချင်းမမှီဘဲ ထိုင်ဝမ် တက်ရောက်မှုကြောင့် ဆိုး ကျိုးတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ယခုထိပ်သီးညီလာခံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ပလောနိုင်ငံဟာ ထိုင်ဝမ်နဲ့ တရားဝင် သံ တမန်ဆက်ဆံရေး ထူထောင်ထားတဲ့ ပစိဖိတ်ကျွန်းစု သုံးနိုင်ငံထဲက တစ်နိုင်ငံဖြစ်ပါတယ်။

ထိပ်သီးညီလာခံမှာ တရုတ်ရဲ့ ပြောဆိုချက်တွေဟာ ကြိုဆိုဖွယ်မရှိဘဲ ပစိဖိတ်ဒေသရဲ့ စည်းလုံး ညီညွတ်မှုကို ပျက်စီးစေကြောင်း လင်ကျားလန်က စက်တင်ဘာ ၄ ရက်နေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

“တရုတ်ရဲ့ အခုလို ‘ဝံပုလွေ စစ်သည်တော်’ သံတမန်ရေးကျင့်သုံးမှုဟာ ပစိဖိတ်ဒေသရဲ့ စည်းလုံး မှုကို ပျက်စီးစေပြီး လူတိုင်းက စိတ်ပျက်ရွံရှာကြပါတယ်” လို့ ၎င်းက ဆိုပြီး ထိုင်ဝမ်ရော တရုတ်ပါ ဖိတ် ကြားခံထားရတဲ့ ဧည့်သည်တွေသာဖြစ်တယ်လို့ ပြောပါတယ်။

တရုတ်ဟာ အိမ်ရှင်နိုင်ငံရဲ့ဆန္ဒကို မလေးစားဘဲ ကိုယ်တိုင် အိမ်ရှင်လုပ်ဖို့ ကြိုးစားနေပြီး ကြီးလေး သော ဆိုးကျိုးများ ကြုံတွေ့ရမယ်ဆိုတဲ့ ခြိမ်းခြောက်စကားတွေနဲ့ ပလောနိုင်ငံကို မလုံခြုံတဲ့ ခရီးသွားဒေ သအဖြစ် ကြေညာခြင်းများမှာ လုံးဝ ရယ်စရာကောင်းလှကြောင်း ၎င်းက ဝေဖန်ပါတယ်။

ထိပ်သီးညီလာခံအတွင်း တရုတ်အရာရှိတွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး စိစစ် တွေ့ရှိချက်အချို့ကိုလည်း သူက ထုတ်ဖော်ပြောခဲ့ပါတယ်။

ညီလာခံကျင်းပရာ နေရာတိုင်းလိုလိုမှာ တရုတ်ကွန်မြူနစ်ပါတီက စေလွှတ်ထားတဲ့ ရဲတပ်ဖွဲ့ဝင် တွေ၊ အရပ်ဝတ် သူလျှိုတွေ ဖြန့်ကြက်ထားတာကို တွေ့ရလို့ ထိုင်ဝမ်ကိုယ်စားလှယ်အဖွဲ့ရဲ့ လုံခြုံရေးကို အထူးတိုးမြှင့်ပေးခဲ့တဲ့ ပလောအစိုးရကို ကျေးဇူးတင်ရှိတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

တရုတ်က ပစိဖိတ်ဒေသမှာ ဇူလိုင်လအတွင်း ဒုံးကျည်စမ်းသပ်မှုတွေ အပါအဝင် ယခုလို ဗိုလ်ကျ စိုးမိုးမှု သဘောထားကို ပိုမိုပြသလေလေ ထိုင်ဝမ်အတွက် ထောက်ခံမှုတွေ ပိုမိုရရှိလာလေလေလို့ လင် ကျားလန်က ယုံကြည်မှုရှိရှိ ပြောပါတယ်။

ထိုင်ဝမ်အနေနဲ့ ပစိဖိတ်ကျွန်းစုများဖိုရမ်မှာ ဆက်လက် ပါဝင်တက်ရောက်မှာဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံ တွေရဲ့ ထောက်ခံမှုကိုရရှိဖို့ ကြိုးပမ်းမယ်လို့ ၎င်းက ဆိုပါတယ်။

ကိုးကား – Reuters
Ref; Taiwan condemns China’s ‘wolf warrior’ behaviour at Pacific forum