ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂ ရက်

ရုရှားသမ္မတ ဗလာဒီမာပူတင်က ၎င်းတို့အနေနဲ့ ယူကရိန်းစစ်ပွဲမှာ အနိုင်ရရှိနေပြီး လက်ရှိ ယူက ရိန်းခေါင်းဆောင်ပိုင်းနဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောကြားလိုက်ပါတယ်။

ရုရှားပိုင်နက်အတွင်း ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေကြောင့် ပျက်စီးဆုံးရှုံးမှုအချို့ ရှိခဲ့သလို ဒရုန်း တွေရဲ့ ခြိမ်းခြောက်မှုက စိန်ခေါ်မှုတစ်ခု ဖြစ်နေတာကို သူက ဝန်ခံခဲ့ပါတယ်။

ရုရှားတပ်တွေဟာ ရှေ့တန်းမှာ ဆက်လက် ချီတက်နေပြီး ရန်သူဘက်က အထိနာမှာကို မည်သို့မျှ သံသယဖြစ်စရာ မရှိဘူးလို့ ၎င်းက သတင်းထောက်တွေကို ပြောကြားခဲ့ပြီး နောက်ထပ် စစ်အင်အား အဓမ္မ စုဆောင်းနေတယ်ဆိုတဲ့ သတင်းတွေကို သတင်းမှားဟုဆိုကာ ပယ်ချခဲ့ပါတယ်။

ရုရှားစစ်တပ်က ဩဂုတ်လအတွင်း ယူကရိန်းအရှေ့ပိုင်း၊ ဒိုးနက်ခ်ဒေသမှာ စတုရန်းကီလိုမီတာ ၂၇၀ ခန့်ကို ထိန်းချုပ်နိုင်ခဲ့ပြီး ယူကရိန်းတပ်ဖွဲ့ဝင်တွေကို ပိတ်ဆို့နိုင်ခဲ့တယ်လို့ ပူတင်က ဆိုပါတယ်။

ရုရှားတပ်တွေဟာ ဆလိုဗီးယန်းခ်နဲ့ ကရာမာတော့ခ်မြို့တွေကို ထိုးစစ်ဆင်နေပြီး ယူကရိန်းရဲ့ စွမ်းအင် အခြေခံအဆောက်အအုံတွေကို အကြီးအကျယ် တိုက်ခိုက်ဖို့ ပြင်ဆင်နေကြောင်း ၎င်းက ဆက် ပြောပါတယ်။

ယူကရိန်းသမ္မတ ဇီလန်စကီးက စစ်ပွဲဖြစ်နေသမျှ ကာလပတ်လုံး ရုရှားရဲ့ လေပိုင်နက်မှာ ယူက ရိန်းဒရုန်းတွေ ပြည့်နှက်နေမှာဖြစ်လို့ လေကြောင်းလိုင်းတွေနဲ့ ခရီးသည်တွေအတွက် ဘေးမကင်းနိုင်ဘူး လို့ သတိပေးခဲ့ပါတယ်။

အရပ်ဘက် လေကြောင်းလိုင်းတွေကို ခြိမ်းခြောက်တာ မဟုတ်ပေမဲ့ ရုရှားဝေဟင်မှာ ယူကရိန်းဒ ရုန်းတွေ ရှိနေမှာဖြစ်လို့ လေကြောင်းလိုင်းတွေအနေနဲ့ စဉ်းစားကြဖို့ လိုတယ်လို့ ၎င်းက ပြောပါတယ်။

ကာဂျစ္စတန်နိုင်ငံမှာ ကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပူတင်က ဇီလန် စကီးရဲ့ ပြောကြားချက်ဟာ နိုင်ငံတော်အဆင့် အကြမ်းဖက်မှုပုံစံမျိုး ဖြစ်နေပြီး ထိုသို့ ဖြစ်လာပါက ရုရှား က ပြန်လည်တုံ့ပြန်မယ့် နည်းလမ်းကို ရှာဖွေမယ်လို့ ဆိုပါတယ်။

အကြမ်းဖက်သမားတွေနဲ့ ဆွေးနွေးပွဲ ပြုလုပ်လို့ မရနိုင်ဘူးလို့ ပူတင်က ပြောဆိုခဲ့ပေမဲ့ ယူကရိန်း ပဋိပက္ခကို ဖြေရှင်းဖို့ ဆွေးနွေးပွဲတွေ လုပ်ဆောင်ဖို့ လမ်းဖွင့်ပေးထားဆဲလို့ ပြောပါတယ်။

ကိုးကား – TRT World
Ref: Putin says Russia winning on battlefield, slams Zelenskyy’s airspace warning