ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂ ရက်
အီရန်နိုင်ငံရှိ ဒေသအများအပြားကို အမေရိကန်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ဆိရစ်ခ်ဒေသရှိ မင်္ဂလာပွဲ ကျင်းပနေတဲ့ နေအိမ်တစ်လုံးကို ထိမှန်ခဲ့ပြီး ပွဲတက်ရောက်နေသူ ၅၀ ထက်မနည်း သေဆုံးဒဏ် ရာရရှိခဲ့ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ အက်စမေးလ်ဘာကေအီက လူမှု ကွန်ရက် X ကနေ ပြောကြားလိုက်ပါတယ်။
အီရန်ပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ အမေရိကန်ရဲ့လုပ်ရပ်တွေဟာ ခုဆိုရင် အတိုင်းထက်အ လွန်သွားပြီလို့ ဘာကေအီက စွပ်စွဲလိုက်ပြီး အမေရိကန်ရဲ့ ယခုလိုစစ်ရေးအရ တိုက်ခိုက်မှုအပေါ် တုံ့ဆိုင်း မနေဘဲ ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန်မယ်လို့ အတည်ပြုခဲ့ပါတယ်။
အမေရိကန်ရဲ့ ဒီလို စစ်ရေးဆိုင်ရာ တိုက်ခိုက်မှုတွေကို မသိကျိုးကျွံပြုနေကြတဲ့ သို့မဟုတ် နည်း လမ်းမျိုးစုံနဲ့ ဆင်ခြေပေး ကာကွယ်ပေးနေကြတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ နိုင်ငံခြားအစိုးရတွေကို လည်း ၎င်းက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။
ဒီလို နှုတ်ဆိတ်နေကြတာဟာ ကြားနေတာမျိုး မဟုတ်ဘဲ နုတ်ဆိတ်နေတဲ့သူတွေအနေနဲ့လည်း နောက်တစ်နေ့မှာ ဒီလုပ်ရပ်ရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေနဲ့ ကြုံတွေ့ရမယ်လို့ အီရန်က သတိပေး ထားပါတယ်။
အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) က အီရန်နိုင်ငံရှိ အစ္စလာမ္မစ် တော်လှန်ရေးအစောင့် တပ်ဖွဲ့ (IRGC) ရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တာလို့ သတင်းထုတ်ပြန်ပါတယ်။
အမေရိကန်ရဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက် အီရန်နိုင်ငံ ကက်ရှ်ဆမ်ကျွန်း၊ ဗန်ဒါအက် ဘတ်စ်၊ ဆိရစ်ခ်၊ ချာဘာဟာနဲ့ ကိုနာရက်ခ် ဒေသတွေမှာ ပြင်းထန်တဲ့ ပေါက်ကွဲသံတွေ ကြားခဲ့ရတယ်လို့ အီရန်မီဒီယာတွေက ဖော်ပြပါတယ်။
ကာမန်ပြည်နယ်ရှိ ဂျီရော့ဖ်လေဆိပ်လည်း တိုက်ခိုက်ခံခဲ့ရကြောင်း အီရန် နိုင်ငံပိုင်ရုပ်သံဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဟော်မိုဂန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး အာမက်နာဖီစီရဲ့ မူလခန့်မှန်းချက်တွေအရ အမေရိ ကန်တပ်တွေက မင်္ဂလာပွဲ ကျင်းပရာနေရာကို တိုက်ခိုက်ခဲ့တာကြောင့် လူ ၄ ဦး သေဆုံးပြီး ၅၀ ခန့် ဒဏ် ရာရရှိခဲ့ကြောင်း သိရပါတယ်။
ကိုးကား – TRT World
Ref; Iran says US strike hit wedding in Sirik, vows ‘firm response’