ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၆ ရက်

 

ပညာရေးဝန်ကြီး နှုတ်ထွက်ပေးရုံသာမက စာမေးပွဲစနစ် ပြုပြင်ပြောင်းလဲရေးအပါအဝင် တောင်းဆိုချက်တွေကို ဝန်ကြီးချုပ် နာရန်ဒရာမိုဒီအစိုးရက လိုက် လျောပေးခဲ့ပြီးနောက် သီတင်းပတ်ပေါင်းများ စွာ ကြာမြင့်ခဲ့တဲ့ အိန္ဒိယလူငယ်တွေရဲ့ ဆန္ဒပြပွဲတွေကို စနေနေ့မှာ ရပ်ဆိုင်းလိုက်ပြီး လမ်းမများပေါ်ထွက် အောင်ပွဲခံခဲ့ကြပါတယ်။

 

အမျိုးသားအဆင့် စာမေးပွဲမေးခွန်းများ ပေါက်ကြားခဲ့မှုကြောင့် ကျောင်းသား ၂ သန်းကျော် စာမေးပွဲ ပြန်လည်ဖြေဆိုခဲ့ရပြီး ဇွန်လနှောင်းပိုင်းမှာ ‘ပိုးဟပ်ဖြူလှုပ်ရှားမှု” လို့ ကိုယ့်ကိုယ်ကို တင်စားထားကြတဲ့ လူငယ်တွေဟာ လမ်းမများပေါ်ထွက်ကာ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ဒါဟာ မိုဒီရဲ့ တတိယ သက်တမ်းအတွင်း အဆိုးရွားဆုံး နိုင်ငံရေးအကျပ်အတည်း ဖြစ်ခဲ့တာပါ။

ဆန္ဒပြကျောင်းသားတွေရဲ့ အဓိကတောင်းဆိုချက်ဖြစ်တဲ့ ပညာရေးဝန်ကြီး ဒါမန်ဒရာပရာဒန် နှုတ်ထွက်သွားမှုဟာ လူထုကို အံ့အားသင့်စေခဲ့ပြီး ဖိအားပေးခံရရုံနဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲလေ့မရှိတဲ့ မိုဒီရဲ့ ပုံရိပ်ကြောင့်လည်း ဖြစ်ပါတယ်။

 

မိုဒီရဲ့ BJP ပါတီဟာ လာမယ့်နှစ်မှာ ပြည်နယ်ရွေးကောက်ပွဲကြီးတွေနဲ့ ရင်ဆိုင်ရတော့မှာဖြစ်သလို အိမ်နီးချင်း သီရိလင်္ကာ၊ နီပေါနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာလည်း လူငယ်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကြောင့် အစိုးရတွေ ပြုတ်ကျခဲ့ဖူးပါတယ်။

 

မြို့တော် ဒေလီရှိ ဂျန်တာ မန်တာ သပိတ်စခန်းမှာ အောင်ပွဲခံပွဲများ စတင်ခဲ့ပြီး သောင်းနဲ့ချီတဲ့ လူ ငယ်တွေဟာ အောင်ပွဲခံ ကြွေးကြော်သံတွေ အော်ဟစ်ကာ ကခုန်ခဲ့ကြတာကို တွေ့ရပါတယ်။ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့တဲ့ လူငယ်အဖွဲ့အစည်းဖြစ်သူ Cockroach Janta Party (CJP) က ဆန္ဒပြပွဲတွေကို အဆုံး သတ်တော့မယ်လို့ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

CJP ထူထောင်သူ အဘီဂျစ်ဒစ်ခ်က “ငါတို့ အောင်မြင်သွားပြီ” လို အားရပါးရ ပြောကြားခဲ့ပြီး အ မျိုးသားသီချင်းနဲ့အတူ “အိန္ဒိယနိုင်ငံ အောင်မြင်ပါစေ” လို့ ကြွေးကြော်ကာ မုန့်များ ဝေငှခဲ့ကြပါတယ်။

 

ပညာရေးဝန်ကြီး နှုတ်ထွက်ပြီးနောက် ကျန်းမာရေးဝန်ကြီး ဂျေပီနက်ဒါနဲ့ မိုဒီရုံးအဖွဲ့မှ ဒုတိယဝန် ကြီး ဂျီတန်ဒရာဆင်းဟ်တို့ဟာ CJP ပြောခွင့်ရသူ နှစ်ဦးနဲ့အတူ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

 

နက်ဒါက စာမေးပွဲစနစ် ပြုပြင်ပြောင်းလဲရေး၊ ဆန္ဒပြသူတွေကို စွဲဆိုထားတဲ့ အမှုများ ရုပ်သိမ်းရေး နဲ့ စာမေးပွဲမေးခွန်း ပေါက်ကြားမှုကြောင့် သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေကို လျှော်ကြေးပေးရေး အပါအဝင် တောင်းဆိုချက်အားလုံးကို အစိုးရက လက်ခံလိုက်ပြီလို့ ပြောပါတယ်။

 

ပရာဒန်ကတော့ သူရဲ့ X လူမှုကွန်ရက်စာမျက်နှာမှာ ဆန္ဒပြပွဲတွေကြောင့် တိုင်း ပြည်ဖျက်လိုသူတွေ အခွင့်ကောင်းမယူနိုင်စေဖို့ စေတနာထက်သန်စွာနဲ့ ဝန်ကြီး ချုပ်ထံ နှုတ်ထွက်စာ ပေးပို့လိုက်တာဖြစ် တယ်လို့ ရေးသားခဲ့ပါတယ်။

 

ကိုးကား – Reuters
Ref; Modi’s education minister quits as jubilant Indian youth protesters claim victory, end protest