ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၅ ရက်

အမေရိကန်နဲ့ အီရန်တို့ကြား ပဋိပက္ခမှာ ရုရှားနဲ့ တရုတ်တို့က အီရန်ဘက်မှ ကူညီမှာမဟုတ်ဘူး လို့ ယုံကြည်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့မှာ ပြောဆိုလိုက်ပါတယ်။

အကယ်၍ ရုရှားနဲ့တရုတ်က အီရန်ဘက်မှ ပါဝင်မယ်ဆိုရင် ဒီနှစ်နိုင်ငံစလုံးအတွက် အလွန်ဆိုးရွား တဲ့ အကျိုးဆက်တွေ ရှိလာလိမ့်မယ်လို့ ၎င်းက သတိပေးလိုက်ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ပေကျင်းမှာ မကြာသေးမီက တွေ့ဆုံစဉ်မှာ တရုတ်ကုမ္ပဏီတွေက တစ်ဆင့် အီရန်ထံ လက်နက်ရောင်းချတာ ဒါမှမဟုတ် ထောက်ပံ့တာမျိုး ပြုလုပ်မှာမဟုတ်ဘူးလို့ ရှီကျင့် ဖျင်က အာမခံခဲ့ကြောင်း ဒေါ်နယ်ထရမ့်က ပြောပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ကလည်း အီရန်ထံ လက်နက်ရောင်းချမှာ မဟုတ်ဘူးလို့ မိမိကို ပြော ကြားထားကြောင်း သူက ဆက်ပြောပါတယ်။

အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားရာမှာ ဒေါ်နယ်ထရမ့်က “ကျွန်တော် ရှီကျင့် ဖျင်နဲ့ပူတင်ကို ယုံကြည်တယ်” လို့ ပြောဆိုခဲ့ပြီး အဆိုပါနှစ်နိုင်ငံစလုံးဟာ အီရန်ကို ကူညီအားပေးနေ တယ်လို့ မယုံကြည်ကြောင်း စကားဆိုခဲ့တာပါ။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ပီးတ်ဟက်ဂ်ဆက်သ်က ရုရှားနဲ့ တရုတ်တို့ဟာ အီရန်ရဲ့ လုပ် ဆောင်ချက်အချို့ ဖြစ်မြောက်အောင် ကူညီနေတယ်လို့ လွှတ်တော်အမတ်တွေကို ပြောကြားခဲ့အပြီး ရက် ပိုင်းအကြာမှာ ဒေါ်နယ်ထရမ့်ရဲ့ ဒီပြောဆိုချက် ထွက်ပေါ်လာတာပါ။

အမေရိကန် ထောက်လှမ်းရေးအဖွဲ့တွေက ပင်လယ်ကွေ့ဒေသရှိ စီအိုင်အေ (CIA) ပစ်မှတ်တွေကို အီရန်က တိုက်ခိုက်ခဲ့ပြီးနောက် ရုရှားအနေနဲ့ ပစ်မှတ်ရှာဖွေရေး အချက်အလက်တွေ ဒါမှမဟုတ် ဒရုန်း နည်းပညာတွေနဲ့ အီရန်ကို ကူညီခဲ့ခြင်း ရှိမရှိ စုံစမ်း
စစ်ဆေးနေတယ်လို့ ဖြစ်စဉ်ကို သိရှိသူလေးဦးက ဆို ပါတယ်။

ပြီးခဲ့တဲ့ကာလတွေမှာ အမေရိကန်အစိုးရဟာ အီရန်ရဲ့ လက်နက်ဝယ်ယူရေးမှာ ကူညီပေးခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရုရှားနဲ့ တရုတ်မှ လူပုဂ္ဂိုလ်တွေနဲ့ ကုမ္ပဏီအချို့ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ် ခဲ့ဖူးပါတယ်။

နှစ်နိုင်ငံစလုံးက လက်နက်မထောက်ပံ့ကြောင်း ပြောဆိုမှုတွေရှိနေပေမဲ့လည်း ဒေသတွင်း တင်း မာမှုတွေ အရှိန်မြင့်နေလို့ အမေရိကန်အစိုးရ စောင့်ကြည့်စစ်ဆေးမှုတွေကို ပြုလုပ်နေပါတယ်။

ဒေါ်နယ်ထရမ့်က နိုင်ငံတကာ ဆက်ဆံရေးမှာ ဒီနှစ်နိုင်ငံရဲ့ အခန်းကဏ္ဍဟာ အရေးပါတာကြောင့် သတိထား စောင့်ကြည့်သွားမယ်လို့ အသိပေးထားပါတယ်။

ကိုးကား – India Today
Ref; Trump trusts China, Russia not to arm Iran, warns of consequences