ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၅ ရက်
ဘင်္ဂလားဒေ့ရှ်သမ္မတ မိုဟာမက်ရှာဟာဘူဒင်းဟာ တာဝန်ထမ်းဆောင်ရမယ့် ၅ နှစ် သက်တမ်း မပြည့်မီ ၂ နှစ်အလိုမှာပဲ ရာထူးကနေ နှုတ်ထွက်သွားခဲ့ပါတယ်။
အသက် ၇၆ နှစ်အရွယ် ရှာဟာဘူဒင်းဟာ ကျန်းမာရေးအခြေအနေကြောင့် ရာထူးမှနှုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အတိုက်အခံပါတီတွေကလည်း သူ့ကို ရာထူးကနေဆင်းပေးဖို့ တောင်းဆိုမှုတွေ မြင့် တက်နေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
သမ္မတရဲ့ ပြန်ကြားရေးအတွင်းဝန်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ရှာဟာဘူဒင်းဟာ အာရုံ ကြောဆိုင်ရာ ရောဂါတစ်မျိုး ခံစားနေရလို့ ရုတ်တရက် သတိလစ်မေ့မြောတတ်တဲ့ ဝေဒနာကို ခံစားနေရ တယ်လို့ ဖော်ပြထားပါတယ်။
သမ္မတသစ်တစ်ဦး မရွေးချယ်မီ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက သမ္မတရဲ့ တာဝန်တွေကို ခေတ္တအ စားထိုး တာဝန်ယူသွားမှာ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ နောက်ထပ် ရက်ပေါင်း ၉၀ အတွင်း သမ္မတသစ်တစ်ဦးကို မဖြစ်မနေ ရွေးချယ်တင်မြှောက်ရမယ်လို့ လွှတ်တော်ဥက္ကဋ္ဌ ဟာဖိဇ်အူဒင်းအာမက်က ပြောပါတယ်။
ရှာဟာဘူဒင်း အခုလို နှုတ်ထွက်လိုက်တာဟာ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာစီနာ ဆေးကုသဖို့ ဗြိ တိန်ကို ရောက်ရှိနေစဉ် သမ္မတနဲ့ ဖုန်းဆက်သွယ် စကားပြောဆိုခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာ အပြီးမှာ ဖြစ်ပေါ်လာတာပါ။
ရှာဟာဘူဒင်းက အဆိုပါ သတင်းတွေဟာ မဟုတ်မှန်ကြောင်း ငြင်းဆိုထားပြီး ကျန်းမာရေး ပြဿ နာမျိုးစုံ ခံစားနေရတာကြောင့် ရာထူးမှနှုတ်ထွက်ရတာလို့ ပြောပါတယ်။
၂၀၂၃ ခုနှစ် ဧပြီလကတည်းက သမ္မတတာဝန် ထမ်းဆောင်ခဲ့သူ ရှာဟာဘူဒင်းဟာ ၂၀၂၄ ခုနှစ် အာဏာရှင်ဆန့်ကျင်ရေး လူငယ်ဆန္ဒပြပွဲတွေကြောင့် ဟာစီနာ ရာထူးမှဖယ်ရှားခံရအပြီး နိုင်ငံရေး မတည် ငြိမ်မှုတွေကို ထိန်းသိမ်းခဲ့သူ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာ တိမ်းရှောင်နေရတဲ့ ဟာစီနာက လာမယ့်ဒီဇင်ဘာလမှာ ဘင်္ဂလားဒေ့ရှ်ကို ပြန်လာ ဖို့ ပြင်ဆင်နေချိန်မှာ ရှာဟာဘူဒင်း ရာထူးမှနှုတ်ထွက်သွားလို့ အစိုးရအဖွဲ့မှာ သူ့ရဲ့ အဓိက မဟာမိတ်တစ် ဦး လျော့နည်းသွားခဲ့တာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သမ္မတရာထူးဟာ အခမ်းအနားသဘောမျိုးသာဖြစ်ပြီး အဓိက အုပ်ချုပ်ရေး အာဏာကတော့ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ထံမှာသာ ရှိတာဖြစ်ပါတယ်။
ကိုးကား – Al Jazeera
Ref; Bangladesh President Mohammed Shahabuddin resigns