ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၄ ရက်
ပင်လယ်နီအတွင်း ဆော်ဒီ ရေနံတင်သင်္ဘောနှစ်စင်းကို ယီမင် ဟူသီသူပုန်တွေ တိုက်ခိုက်ခဲ့ပြီး နောက် အီရန်နဲ့ မဟာမိတ် ဟူသီအဖွဲ့ကို ပြင်းထန်တဲ့ စစ်ရေးအရ အပြစ်ပေးမှုတွေ ပြုလုပ်မယ်လို့ အမေရိ ကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင်လ ၂၃ ရက်မှာ ပြောကြားလိုက်ပါတယ်။
အမေရိကန်စစ်တပ်ဟာ ကြာသပတေးနေ့ညနှောင်းပိုင်းနဲ့ သောကြာနေ့နံနက်ပိုင်းမှာ အီရန်နိုင်ငံ ကို ၁၃ ရက်မြောက် ဆက်တိုက်အဖြစ် ဒုံးကျည်အမြောက်အမြားနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
၅ လထဲ ရောက်ရှိလာပြီး လူပေါင်းသောင်းချီ သေဆုံးကာ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကို စိုးရိမ်နေရ တဲ့ အဆိုပါစစ်ပွဲမှာ ပိတ်ဆို့လုနီးပါးဖြစ်နေတဲ့ ဟော်မုဇ်ရေလက်ကြားရှိ ကက်ရှ်မေးလ်ကျွန်းကို ဒုံးကျည် တွေ ထိမှန်ခဲ့တယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။

ဟူသီအဖွဲ့က ရေနံတင်သင်္ဘောနှစ်စင်းကို တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ပြီးနောက် နောက်ထပ် တိုက်ခိုက်မှုတွေအတွက် အီရန်မှာ တာဝန်ရှိတယ်လို့ ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့တာပါ။
ယီမင်မြောက်ပိုင်းနဲ့ အနောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ ဟူသီအဖွဲ့ဟာ ဟော်မုဇ်ရေလက်ကြားကို အီရန်က ပိတ်ဆို့ထားလို့ ပင်လယ်နီဘက်ကို ပိုက်လိုင်းနဲ့ ရေနံလွှဲပြောင်းပို့ဆောင်နေတဲ့ ဆော်ဒီအာရေး ဘီးယားကို ပင်လယ်ရေကြောင်း ပိတ်ဆို့မှု ပြုလုပ်သွားမယ်လို့ ဒီသီတင်းပတ်အတွင်း ပြောကြားခဲ့ပါ တယ်။
“ဒါကိုသာ ထပ်လုပ်ရင် ဟူသီတွေဟာ အီရန်ရဲ့ လက်ဝေခံအဖွဲ့ဖြစ်တာကြောင့် အီရန်မှာ တာဝန်ရှိ တယ်လို့ အမေရိကန်က သတ်မှတ်မှာဖြစ်ပြီး အီရန်နဲ့ ဟူသီတွေကို ပြင်းထန်တဲ့ စစ်ရေးအရ အပြစ်ပေး သွားမယ်” လို့ ဒေါ်နယ်ထရမ့်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ကုန်သင်္ဘောတွေ ပျက်စီးဆုံးရှုံးမှု မှန်သမျှကို အမေရိကန်က ထိန်းချုပ်ထားတဲ့ အီရန်ပိုင်ဆိုင်မှု တွေထဲကနေ ကျခံစေမယ်လို့ ကြာသပတေးနေ့ညမှာ ဒေါ်နယ်ထရမ့်က ထပ်မံပြောဆိုခဲ့ပေမဲ့ ဘယ်လို ဆောင်ရွက်မယ်ဆိုတာကို အသေးစိတ် ပြောကြားခဲ့ခြင်း မရှိပါဘူး။
ဆော်ဒီ ရေနံတင်သင်္ဘော အန်းဆီးလီးယားနဲ့ လိုင်လာတို့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက် ခဲ့တယ်လို့ ဟူသီအဖွဲ့က ပြောပါတယ်။
အီရန်က ဂျော်ဒန်နိုင်ငံရှိ အမေရိကန် ဒုံးကျည်စနစ်များ၊ လက်နက်တွေနဲ့ စက်သုံးဆီသိုလှောင်ရုံ တွေကို သာမက ကူဝိတ်ရှိ အမေရိကန် စစ်စခန်းတွေကိုပါ တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
ဂျော်ဒန်စစ်တပ်က ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အီရန်ဒုံးကျည် ၄ စင်းနဲ့ ဒရုန်း ၆ စီးကို ပစ်ချခဲ့ပြီး လူမ နေတဲဒေသသို့ ကျရောက်ခဲ့တဲ့ ဒုံးကျည်တစ်စီးမှလွဲပြီး ကျန်တာတွေကို ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အီရတ်နယ်စပ်ရှိ ရှလမ်ချာနယ်စပ်ဂိတ်ကို အမေရိကန်က ညဉ့်နက်ပိုင်း တိုက်ခိုက်ခဲ့မှုအပေါ် တုံ့ ပြန်မှုအဖြစ် ကူဝိတ်ရှိ အယ်လ်အာဒီရီစခန်းမှ အမေရိကန် အီလက်ထရွန်နစ်စစ်ဆင်ရေးတပ်ဖွဲ့ကို တိုက် ခိုက်ခဲ့ကြောင်း အီရန် တော်လှန်ရေးအစောင့်တပ်က ပြောပါတယ်။
အမေရိကန်က အီရန် အခြေခံအဆောက်အအုံတွေနဲ့ ကမ်းရိုးတန်းဒေသတွေကို တိုက်ခိုက်နေသ မျှ လက်တုံ့ပြန်တိုက်ခိုက်မှုတွေ ဆက်လုပ်သွားမယ်လို့ အီရန်စစ်ဘက်ပြောခွင့်ရ ဗိုလ်မှူးချုပ် မိုဟာမက် အာကရမ်မီနီယာက ပြောပါတယ်။
ကိုးကား – Reuters
Ref; Trump vows to punish Iran for Houthi attacks in Red Sea; oil surges over US$100