ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၄ ရက်

အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာ မြန်မာခေါင်းဆောင်တွေ ပြန်လည်ပါဝင်ခွင့်ရဖို့ အလှမ်း ဝေးနေဆဲပဲလို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာရီယာထရီဆာလာဇာရိုက ဇူလိုင်လ ၂၃ ရက်နေ့မှာ ပြော ကြားလိုက်ပါတယ်။

စစ်ဒဏ်သင့် မြန်မာနိုင်ငံရဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်အပေါ် လိုက်နာဆောင်ရွက်မှု ကို ဆန်းစစ်နေဆဲဖြစ်လို့ အာဆီယံထိပ်သီးဆွေးနွေးပွဲတွေမှာ မြန်မာစစ်ခေါင်းဆောင်တွေ ပြန်ပါဝင်ခွင့်ရဖို့ မသေချာသေးဘူးလို့ လာဇာရိုက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်လည်းဖြစ်သူ လာဇာရိုက “ဒါက အဝေးကြီး လိုပါ သေးတယ်။ သူတို့ရဲ့ လိုက်နာဆောင်ရွက်မှုနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာတွေလည်း အများကြီး ရှိနေ ပါတယ်” လို့ ပြောပါတယ်။

၂၀၂၆ ခုနှစ်ကုန်မှာ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင် သွားရောက်မယ့် လာဇာရိုက ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းမီ ဖြုတ်ချခံခဲ့ရပြီး ထိန်းသိမ်းခံထားရတဲ့ နို ဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် ရ၊ မရ ဆိုတာ မသေချာသေးဘူးလို့ ဆိုပါတယ်။

အာဆီယံအနေနဲ့ ငြိမ်းချမ်းရေး လမ်းပြမြေပုံတိုးတက်မှုကို တိုင်းတာဖို့ စံသတ်မှတ်ချက်တွေ ထုတ် ပြန်မှာဖြစ်ပြီး ဒီစံတွေအတိုင်း မဆောင်ရွက်နိုင်ရင်တော့ လိုက်နာဖို့ ပျက်ကွက်မှုအဖြစ် သတ်မှတ်မယ်လို့ ၎င်းက ဆက်ပြောပါတယ်။

စစ်အာဏာသိမ်းပြီး နှစ်လအကြာ ၂၀၂၁ ခုနှစ် ဧပြီလမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အဆိုပါ အာဆီယံငြိမ်းချမ်းရေးအစီအစဉ်ကို သဘောတူခဲ့တာပါ။

ဆွေးနွေးပွဲတွေပြုလုပ်ဖို့၊ တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေး အပ်ဖို့ တောင်းဆိုထားတဲ့ အဆိုပါလမ်းပြမြေပုံကို အကောင်အထည်မဖော်တဲ့အတွက် မြန်မာခေါင်း ဆောင်တွေကို အာဆီယံ ထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

ကိုးကား – Reuters
Ref; Myanmar leaders’ return to ASEAN meetings ‘still far off’: Grouping’s envoy