ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၄ ရက်

တောင်တရုတ်ပင်လယ် အငြင်းပွားဖွယ် ရေပြင်အတွင်း လတ်တလော ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ပတ် သက်လို့ တရုတ်နဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးတွေဟာ အပြန်အလှန် စွပ်စွဲခဲ့ပါတယ်။

မနီလာမြို့မှာ ကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ တရုတ် နိုင်ငံ ခြားရေးဝန်ကြီး ဝမ်ယိနဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာရီယာထရီဆာလာဇာရိုတို့ဟာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ပါတယ်။

တနင်္လာနေ့က တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေဟာ ဖိလစ်ပိုင်တပ်ဖွဲ့ဝင်နှစ်ဦးကို သစ်သား တုတ်နဲ့ ရိုက်နှက်ခဲ့လို့ ဒဏ်ရာရရှိခဲ့တယ်လို့ ဖိလစ်ပိုင် အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပြီးနောက် အခုလို နှစ်နိုင်ငံခေါင်းဆောင်တွေ ဆွေးနွေးကြတာပါ။

ဆွေးနွေးပွဲအတွင်း လာဇာရိုက တရုတ်နိုင်ငံကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း အကြောင်း ကြားခဲ့တယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဝမ်ယိအနေနဲ့ ဖိလစ်ပိုင်က တရုတ်သင်္ဘောတွေကို ဝင်တိုက်ခဲ့ တဲ့ မဆင်မခြင် ဆောင်ရွက်ချက်တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

နှစ်နိုင်ငံ ဆက်ဆံရေးဟာ လမ်းဆုံလမ်းခွသို့ ရောက်ရှိနေပြီလို့ ဝမ်ယိက သတိပေးခဲ့ကြောင်း တ ရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

“ပြင်ပအင်အားစုတွေကို ဒေသတွင်းရေးရာတွေမှာ ဝင်ရောက်စွက်ဖက်ခွင့်ပြုတာနဲ့ ရေပြင်အငြင်း ပွားမှုတွေကို တမင်တကာ ပုံကြီးချဲ့တာတွေဟာ ဖိလစ်ပိုင်နိုင်ငံကို အခြားသူတွေရဲ့ ကြိုးဆွဲရာကရတဲ့ နယ် ရုပ်တစ်ရုပ် ဖြစ်သွားလိမ့်မယ်” လို့ ဝမ်ယိက ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဝမ်ယိဟာ တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို တရုတ်ရဲ့ ပိုင်ဆိုင်ကြောင်း တောင်းဆိုချက် တွေကို ပယ်ချခဲ့တဲ့ ၂၀၁၆ ခုနှစ် နိုင်ငံတကာခုံသမာဓိရုံးရဲ့ ဆုံးဖြတ်ချက်ကိုလည်း ထည့်သွင်းပြောဆိုခဲ့ပါ တယ်။

အဆိုပါခုံသမာဓိရုံးဟာ ဒေသပြင်ပအင်အားစုတွေရဲ့ တိုက်တွန်းမှုကြောင့် ဆောင်ရွက်ခဲ့တာဖြစ် ပြီး မနီလာအနေနဲ့ တရားမဝင်သလို အပျက်အပြယ်လည်းဖြစ်တဲ့ အဆိုပါ ဆုံးဖြတ်ချက်ဆိုတာကို ဖန်တီး ပြီး ပုံကြီးချဲ့ခဲ့တာဖြစ်တယ်လို့ ဝမ်ယိက ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြခဲ့ ပါတယ်။

ရေပြင်ပြဿနာတွေနဲ့ ပတ်သက်လို့ ဖိလစ်ပိုင်အနေနဲ့ ရန်စတဲ့အပြုအမူတွေကို ရပ်တန့်ဖို့လည်း ဝမ်ယိက တောင်းဆိုခဲ့ပါတယ်။

ကိုးကား – NHK
Ref; China, Philippines ministers trade accusations over South China Sea incident