ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၃ ရက်

 

အာဏာသိမ်းစစ်တပ်နှင့်စီးပွားရေးပါတနာဖြစ်သော မီယက်နမ်နိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခံရသော သံအမတ်ကြီးအဖြစ်ခန့်အပ်ရန်သဘောတူညီထားသည့် H.E. Mr. Ngu Anh Duc သည် ဇူလိုင် ၂၂ ရက်နေ့က နေပြည်တော်တွင် ရွေးတုသမ္မတမင်းအောင်လှိုင်ထံ သံအမတ်ခန့်အပ်လွှာပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဗီယက်နမ်နိုင်ငံတွင် ကမ္ဘောဒီးယား – လာအို – မြန်မာ – ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (CLMV) ထိပ်သီးအစည်းအဝေးနှင့် ဧရာဝတီ- ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေးတို့ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါအဖွဲ့အစည်းအပြင် မြန်မာ – ဗီယက်နမ်ပါဝင်သည့်အဖွဲ့များ၌ တရုတ်နိုင်ငံက ဦးဆောင်ထောက်ပံ့နေသော မဲခေါင်-လန်ချန်းပူးပေါင်းဆောင် ရွက်မှုအဖွဲ့တွင်လည်းပါဝင်သည်။

 

ထို့ပြင် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ နှင့် နှစ်နိုင်ငံအကြား ပြည်သူများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုများမှတစ်ဆင့် ခရီးသွားကဏ္ဍကို မြှင့်တင်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်းပါဝင်သည်။

 

မြန်မာစစ်တပ်ပိုင် MEC နှင့် ဗီယက်နမ်စစ်တပ်ပိုင် Viettle တို့ဖက်စပ်လုပ်ကိုင်သည့် Mytel ဆက်သွယ်ရေးလုပ်ငန်းအကြီးဆုံးရင်းနှီးမြှပ်နှံမှုဖြစ်ပြီး မြန်မာပလာဇာရှိရာ HAGL Myanmar Plaza အိမ်ခြံမြေစီမံကိန်းနှင့် Melia Hotel တို့တွင် ဒေါ်လာဘီလီယံနှင့်ချီသော ရင်းနှီးမြှပ်နှံမှုများရှိသည်။

 

ထို့ပြင် ဗီယက်နမ်ရင်းနှီးမြှုပ်နှံသူများကို ပံ့ပိုးရန် ဗီယက်နမ်နိုင်ငံ၏ ထိပ်တန်းဘဏ်တစ်ခုဖြစ်သော BIDV Bank သည် မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်ထားခြင်း၊ မြန်မာမှ ပဲမျိုးစုံ၊ သကြားနှင့် ဆန်တို့ကို တင်ပို့ပြီး၊ ဗီယက်နမ်မှ ဓာတ်မြေဩဇာ၊ လျှပ်စစ်ဝါယာကြိုးနှင့် လူသုံးကုန်ပစ္စည်းများကို တင်သွင်းထားသည်။

 

ယင်းပြင် နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေးနည်းပညာနှင့် စစ်တပ်အကြား အရာရှိငယ်များ လေ့ကျင့်ပေးခြင်း၊ စစ်ဘက်ဆိုင်ရာ ဆေးပညာရပ်ဆိုင်ရာ ဖလှယ်ခြင်းနှင့် ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှု ရှိကြောင်း ဗီယက်နမ်သတင်း ဌာနများတွင်ဖော်ပြထားသည်။

 

ဓာတ်ပုံ – MOI , Vietnam Media