ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၃ ရက်

အီရန်နိုင်ငံမှာ ပြုလုပ်နေတဲ့ စစ်ဆင်ရေးအတွက် ကုန်ကျစရိတ် ခန့်မှန်းချေဟာ အင်္ဂါနေ့အထိ စာ ရင်းတွေအရ ဒေါ်လာ ၃၇ ဒသမ ၅ ဘီလီယံ ရှိလာခဲ့ပြီလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပီးတ်ဟက်ဂ် ဆက်သ်က ပြောကြားလိုက်ပါတယ်။

ဟက်ဂ်ဆက်သ်ဟာ အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ အထက်လွှတ်တော် ဘတ်ဂျက်လျာထားရေး ကော်မ တီရဲ့ ကြားနာပွဲကို တက်ရောက်စဉ် အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒီပမာဏဟာ ကာကွယ်ရေးဝန်ကြီးဌာနက မေလဆန်းပိုင်းအထိ ထုတ်ပြန်ထားတဲ့ ဒေါ်လာ ၂၉ ဘီ လီယံထက် ၈ ဒဿမ ၅ ဘီလီယံ ပိုများလာတာဖြစ်ပါတယ်။

ဟက်ဂ်ဆက်သ်က အခုဖော်ပြတဲ့ပမာဏဟာ လက်ရှိ ကုန်ကျပြီးသမျှ စရိတ်တွေအပြင် လာမယ့် စက်တင်ဘာလ ၃၀ ရက်နေ့အထိ လိုအပ်မယ့် တပ်ဖွဲ့ဝင်စရိတ်နဲ့ အခြား ကုန်ကျစရိတ် အသီးသီးကိုပါ ထည့်သွင်းတွက်ချက်ထားတာလို့ ပြောပါတယ်။

အဆိုပါ ကြားနာပွဲသို့ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဒန်ကိန်းလည်း တက်ရောက်ခဲ့ပြီး အီရန်ကို လေကြောင်းတိုက်ခိုက်မှုတစ်ခုတည်းနဲ့ အနိုင်ယူနိုင်စွမ်း ရှိမရှိ လွှတ်တော်အမတ်တစ်ဦးရဲ့ မေးမြန်းချက် အပေါ် သမိုင်းကြောင်းတစ်ခုလုံးကို ပြန်ကြည့်မယ်ဆိုရင် လေကြောင်းစွမ်းအားမှာ ကန့်သတ်ချက်တွေရှိ ပြီး ဒါကို အမြဲတမ်း သတိမူရမှာဖြစ်ပါတယ်လို့ ဖြေကြားခဲ့ပါတယ်။

ကြည်းတပ်စစ်ဆင်ရေး ဆောင်ရွက်နိုင်ခြေရှိမရှိ မေးမြန်းရာမှာတော့ ဒန်ကိန်းက “ဖြစ်နိုင်ဖွယ်ရာ သီအိုရီဆန်တဲ့ အယူအဆတွေအပေါ် ကျွန်တော် ထင်မြင်ချက်ပေးဖို့ မသင့်တော်ပါဘူး” လို့ ရေရေရာရာ မပြောဘဲ ဖြေကြားသွားပါတယ်။

ကိုးကား – NHK
Ref; Estimated US costs for operation in Iran rise to 37.5 billion dollars