ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၃ ရက်

ထိုင်းနိုင်ငံက ရွေးတုသမ္မတ မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး ကော့မြစ်အတွင်း ရေထု ညစ်ညမ်းမှုတွေ၊ စိုက်ပျိုးရေးဆိုင်ရာ မီးရှို့မှုတွေနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုအပါအဝင် နယ်စပ်ဖြတ် ကျော် သဘာဝပတ်ဝန်းကျင်နဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးမယ်လို့ ထိုင်းဝန်ကြီးချုပ် အနု တင်ချန်ဗီရာကူးလ်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ချန်ဗီရာကူလ်က တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့ပြီးနောက် ချွန်ဘူရီမြို့မှာ အခုလို ပြောကြားခဲ့တာဖြစ်ပြီး တရုတ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပွဲတွေမှာ ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချရေးအ တွက် စိမ်းလန်းသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ သန့်ရှင်းစွမ်းအင်နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အထောက်အကူပြု ထုတ်လုပ်မှုတွေအပါအဝင် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးကိစ္စရပ်တွေကို အဓိ ကထား ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းအစိုးရအနေနဲ့ သာမန်အားဖြင့် အာဏာပိုင်တွေ အနီးကပ် စောင့်ကြည့်လေ့လာနေတဲ့ ကော့ မြစ်အတွင်း ရေထုညစ်ညမ်းမှု ကိစ္စအပါအဝင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့ က တိပြုထားကြောင်း ၎င်းက ဆက်ပြောပါတယ်။
မင်းအောင်လှိုင်ဟာ ဩဂုတ်လ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ထိုင်းနိုင်ငံသို့ တရားဝင် ခရီးစဉ်အဖြစ် လာရောက်ဖို့ အစီအစဉ်ရှိနေတာ ဖြစ်ပါတယ်။

ခရီးစဉ်အတွင်း ထိုင်းနိုင်ငံက ကော့မြစ်အတွင်း အဆိပ်အတောက် ဖြစ်စေတဲ့ ညစ်ညမ်းပစ္စည်းတွေ ကိစ္စနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေကို တင်ပြသွားမှာဖြစ်သလို ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ မြန်မာနဲ့ ပူး ပေါင်းဆောင်ရွက်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

ကော့မြစ်ဟာ မြန်မာနိုင်ငံတွင်းကနေ စတင်မြစ်ဖျားခံပြီး ထိုင်းနိုင်ငံအတွင်းသို့ စီးဝင်တာကြောင့် ဒီပြဿနာကို ဖြေရှင်းရာမှာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုဟာ အလွန်ကို အရေးပါနေပါတယ်။

စိုက်ပျိုးရေးဆိုင်ရာ မီးရှို့မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာတွေ တိုက်ဖျက်ရေးနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ ရောင်းဝယ်ဖောက်ကားမှု ကိစ္စရပ်တွေကိုလည်း ဆွေးနွေး ဖွယ် ရှိနေပါတယ်။

ဓာတ်ပုံ-Nation
ကိုးကား – Bangkok Post
Ref; PM to press Myanmar on river pollution