ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၃ ရက်

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဇူလိုင်လ ၂၁ ရက်နေ့က မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလမ်း ပြမြေပုံ တိုးတက်မှုတွေကို တိုင်းတာနိုင်မယ့် စံနှုန်းတွေ သတ်မှတ်ဖို့နဲ့ အာဆီယံ အထူးသံတမန်တစ်ဦး ရေ ရှည် ခန့်အပ်ဖို့ သဘောတူခဲ့ပါတယ်။

မနီလာမြို့မှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးရဲ့ ဘေးပန်းဆွေးနွေးပွဲ မှာ အခုအချက်တွေကို ဆွေးနွေးခဲ့ပြီး လာမယ့် နိုဝင်ဘာလ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ ခေါင်းဆောင် တွေထံ တင်ပြနိုင်ဖို့ အဆင့်မြင့်အရာရှိတွေက အချောသတ်သွားမယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ထ ရီဆာလာဇာရိုက ပြောပါတယ်။

အခုဆွေးနွေးပွဲမှာ ဘန်ကောက်အစည်းအဝေးမှ အဆိုပြုချက်တွေကို ပြန်သုံးသပ်ခဲ့တာဖြစ်ပြီး မြန် မာ့အရေး တိုးတက်မှုကို အကဲဖြတ်မယ့် မူဘောင်တစ်ခု ဖန်တီးဖို့နဲ့ နှစ်စဉ် အလှည့်ကျစနစ်အစား ရေရှည် တာဝန်ယူမယ့် အထူးသံတမန် ခန့်အပ်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြတာပါ။

အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် လာဇာရိုက လာမယ့် နိုဝင်ဘာ ထိပ်သီးအ စည်းအဝေးအတွက် အဓိကကျတဲ့ အချက်အလက်တွေ ဖြစ်တာကြောင့် အောက်ခြေအဆင့် အရာရှိတွေကို သေချာစိစစ် ဆွေးနွေးဖို့ တာဝန်ပေးထားတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

အထူးသံတမန်ရဲ့ လုပ်ငန်းတွေကို အထောက်အကူပြုဖို့ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးအောက် မှာ ဌာနတစ်ခု သီးသန့်ဖွဲ့စည်းဖို့ ဘရူနိုင်းနိုင်ငံက အဆိုပြုခဲ့ပေမဲ့ ဘဏ္ဍာရေးနဲ့ လုပ်ငန်းစဉ်ပိုင်းဆိုင်ရာ အ သေးစိတ်တွေကိုတော့ ဆက်လက်ညှိနှိုင်းရဦးမှာဖြစ်ပါတယ်။

အခုလို နည်းလမ်းသစ်တွေ ဆွေးနွေးနေတာဟာ ၂၀၂၁ ခုနှစ်ကတည်းက သဘောတူထားတဲ့ ဘုံသ ဘောတူညီချက် ၅ ရပ်ကို စွန့်လွှတ်လိုက်တာ မဟုတ်ဘူးလို့ လာဇာရိုက ဆိုပါတယ်။

မြန်မာလွှတ်တော်က ဘုံသဘောတူညီချက် ၅ ချက်ကို ငြင်းပယ်ထားတဲ့အပေါ် စိန်ခေါ်မှုတွေ ရှိနေ ပေမဲ့ မြန်မာစစ်အစိုးရခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေက အဆိုပါ ဆုံးဖြတ်ချက်ဟာ မရှိတော့ ကြောင်းနဲ့ ဘုံသဘောတူညီချက်ဟာ ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း ဘန်ကောက်အစည်းအဝေးမှာ ရှင်းလင်းခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အကောင်အထည်ပြနိုင်တဲ့ တိုးတက်မှုတွေကို ဘယ်လိုအကဲဖြတ်မလဲဆိုတာ သတ် မှတ်ဖို့ မူကြမ်းစာတမ်းတစ်စောင်ကို အာဆီယံက ပြုစုနေပြီး အဆင့်မြင့်အရာရှိတွေက အသေးစိတ် ရေး ဆွဲနေပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဗာလာခရစ်ရှနန်က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မနီလာမှာ တွေ့ဆုံစဉ် ဘုံသဘောတူညီချက် ၅ ရပ်ကို ထပ်လောင်းအတည်ပြုခဲ့ပြီး အကြမ်းဖက်မှုတွေ အ ပြီးတိုင်ရပ်တန့်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေ အဟန့်အ တားမရှိ ပေးပို့နိုင်ဖို့ တောင်းဆိုခဲ့ပါတယ်။

မြန်မာ့အရေး ပဋိပက္ခကို ငြိမ်းချမ်းစွာနဲ့ ရေရှည်ဖြေရှင်းနိုင်ဖို့အတွက် သက်ဆိုင်သူ အားလုံးကြား အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့ အရေးကြီးတယ်လို့ အာဆီယံ နိုင်ငံခြားရေးဝန် ကြီးတွေက တိုက်တွန်းခဲ့ပါတယ်။

ကိုးကား – The Straits Times
Ref; ASEAN weighs benchmarks, longer-term envoy to revive stalled Myanmar peace plan