ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၂ ရက်

 

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ တနင်္လာနေ့က လူငယ်တွေ ဦးဆောင်တဲ့ “ပိုးဟပ်” နိုင်ငံရေး လှုပ်ရှားမှုအဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြား ပဋိပက္ခဖြစ်ပွားခဲ့ရာမှာ ဆန္ဒပြသူ ၆၀ ခန့် ဒဏ်ရာရရှိခဲ့ တယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့မေလအတွင်း ဖြစ်ပွားခဲ့တဲ့ စာမေးပွဲမေးခွန်း ပေါက်ကြားမှုနဲ့ ပတ်သက်ပြီး ပညာရေးဝန် ကြီး နှုတ်ထွက်ပေးဖို့ ပါလီမန်လွှတ်တော်ရှေ့အထိ ချီတက်တောင်းဆိုခဲ့ကြတာဖြစ်ပြီး ဆန္ဒပြသူ ထောင် ပေါင်းများစွာ ပါဝင်ခဲ့ကြပါတယ်။

 

ရဲတပ်ဖွဲ့က နံပါတ်တုတ်တွေနဲ့ ရိုက်နှက်တာ၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်နှိမ်နင်းတာတွေ ကြောင့် ဆန္ဒပြပွဲဟာ အကြမ်းဖက်မှုအဖြစ် ကူးပြောင်းသွားခဲ့ပြီး လက်ရှိမှာ ဆန္ဒပြသူ ၇၀ ထက်မနည်း ထိန်းသိမ်းခံထားရတယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။

သူတို့ဘက်က ငြိမ်းချမ်းစွာ တရားမျှတမှု တောင်းဆိုခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့က အခုလို မျက်ရည်ယို ဗုံးတွေနဲ့ နှိမ်နင်းတာဟာ မဖြစ်သင့်ဘူးလို့ ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။

 

အလုပ်အကိုင် ရှားပါးမှုနဲ့ စာမေးပွဲ မေးခွန်း ပေါက်ကြားမှုတွေအပေါ် လူငယ်တွေရဲ့ မကျေနပ်မှု တွေမြင့်တက်နေချိန်မှာ အခု ပိုးဟပ်ပါတီရဲ့ ထောက်ခံမှုဟာလည်း အရှိန်အဟုန်နဲ့ တိုးတက်လာတာပါ။

 

ဒီပါတီဟာ ပြီးခဲ့တဲ့မေလအတွင်း အိန္ဒိယ တရားသူကြီးချုပ်က အလုပ်လက်မဲ့ လူငယ်တွေကို ပိုး ဟပ်တွေနဲ့ ခိုင်းနှိုင်းပြောဆိုခဲ့ပြီးနောက် အွန်လိုင်းပေါ်မှာ စတင်ပေါ်ပေါက်လာခဲ့ပြီး မကြာမီမှာဘဲ ထောက် ခံသူ သန်းပေါင်းများစွာ ရရှိခဲ့တာဖြစ်ပါတယ်။

 

ကိုးကား – NHK
Ref; Indian police clash with ‘cockroach’ movement supporters