ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၁ ရက်
မြန်မာစစ်အစိုးရခန့် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့မှုဟာ ငြိမ်းချမ်းရေးကြိုးပမ်းမှုကို ထိခိုက်စေ တယ်ဆိုတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ရဲ့ ပြင်းထန်တဲ့ ဝေဖန်စွပ်စွဲချက်တွေကို ဖိလစ်ပိုင်အစိုးရက ငြင်းဆိုလိုက်ပြီး အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်အတိုင်း လုပ်ဆောင်နေတာ လို့ တုံ့ပြန်လိုက်ပါတယ်။
ယခုနှစ် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံဟာ ၂၀၂၁ စစ်အာဏာမှုနောက်ပိုင်း ပထမဆုံးအကြိမ်အ ဖြစ် မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ သီးသန့်တွေ့ဆုံပွဲတစ်ခုကို ဇူလိုင် ၁၂ ရက် နေ့က ဘန်ကောက်မြို့မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တာ ဖြစ်ပါတယ်။
ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က အာဆီယံရဲ့ လုပ်ရပ်ဟာ စစ်အစိုးရရဲ့ အကြမ်းဖက်မှုတွေကို ဆုချလိုက်သလို ဖြစ်စေပြီး ဘုံသဘောတူညီချက် ၅ ရပ် ကိုလည်း ထိခိုက်စေတယ်လို့ ဝေဖန်ခဲ့တာပါ။
အာဆီယံ အထူးသံတမန် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ထရီဆာလာဇာရိုအနေနဲ့ မြန်မာစစ်အစိုး ရထံမှ ဘာကိုမျှ မတောင်းဆိုဘဲ တွေ့ဆုံခဲ့တာဟာ ရဲတင်းမှုမရှိဘဲ ဆုံးဖြတ်ချက် မှားယွင်းခဲ့တာဖြစ်တယ် လို့ SAC-M က စွပ်စွဲထားပါတယ်။
ဒီစွပ်စွဲချက်တွေနဲ့ပတ်သက်လို့ လာဇာရိုက SAC-M ရဲ့ ပြောကြားချက်တွေဟာ မသမာတဲ့ သဘော နဲ့ အထင်အမြင်လွဲမှားအောင် လုပ်ဆောင်တာဖြစ်ပြီး အားလုံးပါဝင်တဲ့ မူဘောင်အတိုင်း ဆွေးနွေးပွဲတွေ ပေါ်ပေါက်ရေး လုပ်ဆောင်တာဖြစ်တယ်လို့ ပြန်လည်ခြေပခဲ့ပါတယ်။
အဆိုပါတွေ့ဆုံမှုဟာ ဘုံသဘောတူညီချက် ၅ ချက်ကို စွန့်လွှတ်လိုက်တာ မဟုတ်သလို မြန်မာ့နိုင် ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ ဒါဟာ အဓိကလမ်းညွှန်ချက်အဖြစ် ဆက်လက်တည်ရှိနေတုန်းပဲလို့ ဆိုပါတယ်။
အာဆီယံအနေနဲ့ ၂၀၂၁ ခုနှစ်နှောင်းပိုင်းကတည်းက မြန်မာစစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေကို ထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။
မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေသလို အာဆီယံရဲ့ ဘုံသ ဘောတူညီချက်ကို စစ်အုပ်စုလွှတ်တော်က ငြင်းပယ်ထားသည့်တိုင် မကြာသေးမီလများအတွင်း အာဆီ ယံက စစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံမှုအချို့ ပြန်လည်စတင်လာခဲ့တာပါ။
ထိုင်းနိုင်ငံလို အဖွဲ့ဝင်အချို့က မြန်မာနိုင်ငံကို အာဆီယံမိသားစုဆီ ပြန်လည်ခေါ်ဆောင်ချင်နေပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံ အများစုမှာလည်း မြန်မာအပေါ် တင်းတင်းကြပ်ကြပ် ကိုင်တွယ်လိုတဲ့ဆန္ဒ လျော့ နည်းလာပါတယ်။
လာမယ့်အပတ် ဖိလစ်ပိုင်မှာ ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ဘုံ သဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတွေ ဆက်လက်ပြုလုပ် သွားဖို့ ရှိနေပါတယ်။
ကိုးကား – The Diplomat
Ref; Philippines’ Lazaro Dismisses Criticisms Over ASEAN’s ‘Informal Meeting’ With Myanmar FM