ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၁ ရက်
အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း အမေရိကန်စစ်သည်တွေ သေဆုံးခဲ့ရမှုနဲ့ ပတ်သက်လို့ သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်လိုက်ပြီး အမေရိ ကန်စစ်သားတစ်ဦး သေဆုံးတိုင်း အီရန်က တန်ဖိုးကြီးကြီး ပြန်ပေးဆပ်ရမယ်လို့ သတိပေးလိုက်ပါတယ်။
တနင်္လာနေ့မှာ ဒေါ်နယ်ထရမ့်က လူမှုကွန်ရက်ကနေတစ်ဆင့် အခုလို သတိပေးလိုက်တာဖြစ်ပြီး၊ ဒီညွှန်ကြားချက်ကို ကာကွယ်ရေးဝန်ကြီး ပီးတ်ဟက်ဂ်ဆက်သ် အပါအဝင် စစ်ဘက်ခေါင်းဆောင်တွေဆီ လက်ဆင့်ကမ်းထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) က အီရန်အပေါ် တိုက်ခိုက်မှု အသစ်တွေကို စ တင်နေပြီလို့ ထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်မှုတွေဟာ ၁၀ ရက်ဆက်တိုက် ရှိလာသလို အမေရိကန်ကလည်း အရှေ့အလယ်ပိုင်းဒေ သဆီ တိုက်လေယာဉ်တွေ ပိုမိုစေလွှတ်နေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ဒေသတွင်းရှိ အမေရိကန်စစ်စခန်းတွေကို တိုက် ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ တနင်္လာနေ့မှာ ထုတ်ပြန်ပါတယ်။
အဆိုပါတိုက်ခိုက်မှုတွေအတွင်း ဘာရိန်းနိုင်ငံက ဒရုန်းစခန်းတစ်ခုနဲ့ ကူဝိတ်နိုင်ငံက အမေရိကန် အထူးတပ်ဖွဲ့စခန်းတစ်ခုကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တင်းမာမှုတွေ လျှော့ချဖို့အတွက် ကာတာနိုင်ငံမှ ညှိနှိုင်းစေ့စပ်သူတွေက ၁၀ ရက်ကြာ အပစ်အ ခတ်ရပ်စဲရေး အဆိုပြုထားပေမဲ့ နှစ်ဘက်စလုံးက ဒီအဆိုပြုချက်ကို လက်ခံဖို့ အဆင်သင့် ရှိမရှိ ဆိုတာက တော့ မရေရာသေးပါဘူး။
ကိုးကား – NHK
Ref; Trump warns Iran ‘will pay’ for troop deaths