ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၀ ရက်

အမေရိကန်နိုင်ငံ အီရန်အပေါ် ဆက်လက်တိုက်ခိုက်နေရင် မေ့ပျောက်နိုင်မှာမဟုတ်တဲ့ သင်ခန်း စာတွေ ပေးသွားမယ်လို့ အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင်က စနေနေ့မှာ သတိပေးလိုက်ပြီး သမ္မတ ဒေါ် နယ်ထရမ့်ရဲ့ လက်မှတ်ဟာလည်း တန်ဖိုးမရှိသလို တရားမဝင်ဘူးလို့ ပြောကြားလိုက်ပါတယ်။

ဒီပြောကြားချက်ဟာ လွန်ခဲ့တဲ့ တစ်လခန့်က လက်မှတ်ရေးထိုးခဲ့တဲ့ ယာယီသဘောတူညီချက်ပါ ကတိကဝတ်တွေကို အီရန်အစိုးရက ရပ်ဆိုင်းလိုက်ပြီလို့ ဆွေးနွေးပွဲကိုယ်စားလှယ်တစ်ဦးက ပြောကြား အပြီး နာရီပိုင်းအကြာမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ အီရန်တို့ဟာ အခြေခံအဆောက်အအုံတွေနဲ့ စစ်ဘက်ဆိုင်ရာပစ်မှတ်တွေကို အပြန် အလှန် ထပ်မံတိုက်ခိုက်ခဲ့ပြီးနောက် စစ်ပွဲစတင်ကတည်းက လူမြင်ကွင်းက ပျောက်ကွယ်နေတဲ့ မိုဂျာတာ ဘာခါမေနီရဲ့ ထုတ်ပြန်ချက်ကို နိုင်ငံပိုင်ရုပ်သံလိုင်း ထုတ်လွှင့်ပြသခဲ့တာပါ။

စစ်ပွဲဟာ အဆုံးသတ်ဖို့ အရိပ်အယောင်မမြင်ရသေးချိန်မှာ အီရန်ရဲ့ ဒီထုတ်ပြန်ချက်တွေကြောင့် ပျက်ပြယ်လုနီးပါးဖြစ်နေတဲ့ သဘောတူညီချက်တစ်ခုဟာ ပျက်ပြယ်သွားခဲ့ရပါတယ်။ အဆိုပါ သဘော တူညီချက်ဟာ တိုက်ပွဲတွေကို ရေရှည်အဆုံးသတ်ဖို့ ရည်ရွယ်ခဲ့တာပါ။

ခါမေနီက အီရန်နိုင်ငံတင်မကဘဲ ဒေသတွင်းမှာရှိတဲ့ အီရန်ကျောထောက်နောက်ခံ လက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေကပါ သင်ခန်းစာတွေ ပေးသွားမယ်လို့ သတိပေး ထားပါတယ်။

ပြီးခဲ့တဲ့အပတ်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြားသွားခဲ့ပြီးနောက် ဝါရှင်တန် နဲ့ တီဟီရန်တို့ဟာ အပြန်အလှန် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြလို့ စစ်ပွဲအသွင် ပြန်ရောက်သွားမှာကို စိုး ရိမ်မှုတွေ မြင့်တက်နေပါတယ်။

ကိုးကား – AP
Ref; Iran’s Supreme Leader’s message to Trump: ‘Unforgettable lessons’ for US over attacks on Tehran