ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၈ ရက်
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ သွန်ဘူရီဒေသ၌ ယနေ့ ဇူလိုင် ၁၈ ရက်နေ့တွင် သုံးထပ်နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွါးခဲ့ပြီး လူ နှစ်ဦးသေဆုံးကာ ကြောင်အကောင် ၃၀ ကျော်လည်း သေဆုံးခဲ့ကြောင်း ထိုင်းသတင်းမီဒီယာများထံက သိရသည်။
မီးလောင်ကျွမ်းမှုသည် မြေညီထပ်မှ ဒုတိယထပ်သို့ကူးစက်သွားခြင်းဖြစ်ကြောင်း တာဝန်ရှိသူများကပြောဆိုခဲ့ပြီး ဒုတိယထပ်ရှိအခန်းတခုအတွင်းမှ အသက် ၆၂ အရွယ်အမျိုးသားနှင့် ၅၈ နှစ်အရွယ်အမျိုးသမီးတစ်ဦး၏ အလောင်းများကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် လှောင်အိမ်များအတွင်း သေဆုံးနေသည့် ကြောင်အကောင် ၃၀ ကျော်၏ရုပ်ကြွင်းများကိုလည်း တွေ့ရှိခဲ့ရပြီး ကြောင် ၁၃ ကောင်ကို အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ကြောင်းသိရသည်။
လက်ရှိတွင်မီးလောင်ကျွမ်းရသည့်အကြောင်းအရင်းကို စစ်ဆေးနေပြီး ကနဦးအနေဖြင့် ဝါယာရှော့ကြောင့်ဟုယူဆထားပြီး သေဆုံးမှုအကြောင်းအရင်းအတွက်လည်း စစ်ဆေးမှုများပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် ဇူလိုင်လအစပိုင်းက ချုံဖွန်ဘူတာတွင် ပျောက်ဆုံးသွားသည့် မသန်စွမ်းကြောင်လေးကိုလည်း ကယ်ဆယ်ရေးနှင့်ပရဟိတအဖွဲ့ဝင်များက ယနေ့အထိ အပူအာရုံခံဒရုန်းများ K-9 ရှာဖွေရေးခွေးများအသုံးပြု၍ ရှာဖွေလျက်ရှိသည်။
ကိုးကား – Khaosod English