ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၈ ရက်
မြန်မာနိုင်ငံအတွက် ဗြိတိန်အစိုးရရဲ့ ကူညီထောက်ပံ့မှုကို ယခုဘဏ္ဍာရေးနှစ်မှာ ပေါင် ၆၆ သန်းမှ ၅၅ သန်းအထိ လျှော့ချလိုက်တဲ့အပေါ် Burma Campaign UK က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါ တယ်။ ဒီလို ဖြတ်တောက်မှုကို ၂၀၂၉ ခုနှစ်အထိ ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အဆိုပါ အကူအညီဖြတ်တောက်မယ့် အသေးစိတ်အချက်အ လက်တွေကို နှစ်ပတ်လည်အစီရင်ခံစာရဲ့ နောက်ဆက်တွဲစာမျက်နှာတွေထဲမှာ လူသိရှင်ကြားထုတ်ပြန် ခြင်းမရှိဘဲ တိတ်တဆိတ် ထည့်သွင်းဖော်ပြခဲ့တာပါ။
အစီရင်ခံစာအရ မြန်မာပြည်သူတွေဟာ ပေါင် ၅၅ ဒသမ ၃ သန်းသာ ရရှိမှာဖြစ်ပြီး ဒါဟာ ၂၀၂၁ ခု နှစ် စစ်အာဏာမသိမ်းခင် ဗြိတိန်က ထောက်ပံ့ခဲ့တဲ့ပမာဏရဲ့ ထက်ဝက်နီးပါးသာ ရှိပါတော့တယ်။
Burma Campaign UK က မြန်မာစစ်အစိုးရဟာ ပြည်သူတွေ စိတ်ဓာတ်ကျဆင်းစေဖို့ နေအိမ် တွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးခန်းတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ပြီး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို ဖန်တီးနေတာလို့ ဆိုပါတယ်။
Burma Campaign UK အမှုဆောင်ဒါရိုက်တာ အန်နာရောဘတ်စ်က ဗြိတိန်ရဲ့အကူအညီတွေ ဟာ မြန်မာပြည်သူတွေရဲ့အသက်ကို ကယ်တင်နေတာဖြစ်လို့ အခုလို ဖြတ်တောက်တာဟာ ပြည်သူတွေ ကို သေတွင်းထဲ တွန်းပို့လိုက်တာဖြစ်ပြီး ဗြိတိန်အစိုးရအနေနဲ့ စစ်အစိုးရကို ကူညီရာရောက်နေတယ်လို့ ဝေဖန်ပါတယ်။
အရပ်ဘက်အဖွဲ့တွေရဲ့အဆိုအရ မြန်မာနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အရေအတွက်ဟာ ၅ သန်းအ ထိ ရှိနေနိုင်ပြီး လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရပါတယ်။
စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကြောင့် လူပေါင်း ၁ သိန်းကျော် သေ ဆုံးခဲ့ပြီး စစ်အစိုးရဟာ နှစ်နာရီခွဲမှာ တစ်ကြိမ်နှုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေကာ ပျမ်းမျှ အားဖြင့် ၂၉ နာရီမှာ ကလေးတစ်ဦး သေဆုံးနေရပါတယ်။
ဗြိတိန်နိုင်ငံဟာ မြန်မာစစ်အစိုးရဆီ စီးဆင်းနေတဲ့ လက်နက်တွေနဲ့ငွေကြေးတွေကို ဖြတ်တောက် မယ့်အစား ပြည်သူတွေဆီသွားမယ့် အကူအညီတွေကို ဖြတ်တောက်နေတယ်လို့ အန်နာရောဘတ်စ်က ဆိုပါတယ်။
ကိုးကား – Burma Campaign UK
Ref; UK cuts aid to Burma from £66 million to £55 million