ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၈ ရက်
လာမယ့်သီတင်းပတ်မှာကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်ခင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် မာရီယာထရီဆာလာဇာရိုအနေနဲ့ စစ်ဒဏ်သင့် မြန်မာမှ လက်နက်ကိုင်တော်လှန်ရေးအ ဖွဲ့တွေအပါအဝင် သက်ဆိုင်သူအားလုံးနဲ့ ဆက်လက်ဆွေးနွေးသွားမယ်လို့ ဖိလစ်ပိုင်နိုင်ငံက ဇူ လိုင် ၁၆ ရက်မှာ ပြောပါတယ်။
၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံဟာ မနီလာထိပ်သီးဆွေးနွေးပွဲကို အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာ ဂျီလာရော့ဗ်တို့အပြင် ဂျပန်၊ သြစတြေးလျ၊ ကနေဒါနဲ့ ဗြိတိန်နိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေလည်း တက်ရောက်ဖို့ မျှော်လင့်ထားပါတယ်။
ဒီဆွေးနွေးပွဲမှာ မြန်မာ့အရေးဟာ အဓိကအကြောင်းအရာတစ်ခု ဖြစ်လာဖို့ရှိသလို အာရှ-ပစိဖိတ် ဒေသတွင်း နိုင်ငံရေးတင်းမာမှုတွေနဲ့ အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ကုန်သွယ်ရေးနဲ့ ဈေးကွက်တွေ ထိခိုက်နေ တဲ့ နောက်ခံအခြေအနေတွေကြားက တောင်တရုတ်ပင်လယ်ဆိုင်ရာ အာဆီယံရဲ့ ကျင့်ဝတ်စည်းကမ်း (COC) စီမံချက်ကိုလည်း ဆွေးနွေးကြဖို့ ရှိပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ကုန်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ ဘန်ကောက်မြို့မှာ မြန်မာစစ် အစိုးရခန့် နိုင်ငံခြားရေးဝန်ကြီးနဲ့ အလွတ်သဘော တွေ့ဆုံခဲ့ကြပါတယ်။
ဒါဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာခေါင်းဆောင်တွေကို အာဆီယံအစည်း အဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ခဲ့ပြီးကတည်းက ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံပြီး ဆွေးနွေးခဲ့ကြ တာ ဖြစ်ပါတယ်။
မာရီယာထရီဆာလာဇာရိုဟာ တော်လှန်ရေးအဖွဲ့တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်တွေ၊ အခြားသက်ဆိုင်သူတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီး အဲဒီဆွေးနွေးချက်တွေကို လာ မယ့်သီတင်းပတ် အစည်း အဝေးမှာ အာဆီယံဝန်ကြီးတွေကို အစီရင်ခံသွားမှာပါ။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒိုမန်းနစ်ဇေဗီယာအင်ပီရီရယ်က လာဇာရို ရဲ့ မြန်မာလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးမှုဟာ ပွင့်လင်းပြီး အပြုသဘောဆောင်တယ်လို့ ပြောဆိုခဲ့သ လို ဒီဆွေးနွေးပွဲတွေဟာ မြန်မာ့အနာဂတ်အတွက် ဘယ်လိုဆွေးနွေးပွဲမျိုးမှာမဆို အရေးပါလိမ့်မယ်လို့ မှတ်ချက်ပြုပါတယ်။
“ကျွန်တော်တို့အနေနဲ့ ဒီတွေ့ဆုံဆွေးနွေးမှုတွေကို အဖွဲ့တချို့နဲ့ပဲ ကန့်သတ်ထားမှာမဟုတ်ဘဲ တ ကယ်တမ်းတော့ လူတိုင်းနဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ပွင့်ပွင့်လင်းလင်း ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်” လို့ သူ က ဆိုပါတယ်။
ကိုးကား – Reuters
Ref; ASEAN envoy to engage all Myanmar stakeholders at Manila summit