ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၇ ရက်
သမ္မတ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်ရွေးကောက်ပွဲမှာ တရုတ်နိုင်ငံက ကြားဝင်စွက်ဖက်ခဲ့တယ် ဆိုတဲ့ လျှို့ဝှက်ထောက်လှမ်းရေးအချက်အလက်တွေကို ချပြလိုက်ပြီး သူရှုံးနိမ့်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲရ လဒ်ကို တရုတ်က ပြောင်းလဲခဲ့တာမရှိဘူးဆိုတဲ့ ထောက်လှမ်းရေးရဲ့ သုံးသပ်ချက်ကို ပယ်ချလိုက်ပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ ၂၅ မိနစ်ကြာ မိန့်ခွန်းဟာ လာမယ့်နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် ရွေးကောက်ပွဲလုံခြုံရေးကိစ္စကို နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးစားတာဖြစ်ပြီး လက်ရှိမှာ ရီပတ်ဘလစ်ကန် တွေအနေနဲ့ လွှတ်တော်အမတ်အများစုနေရာ ဆုံးရှုံးရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
အမေရိကန်မှာ မဲမသမာမှုဖြစ်တာ ရှားပါးတယ်ဆိုတဲ့ တွေ့ရှိချက်တွေရှိပေမယ့် ဒေါ်နယ်ထရမ့် ဟာ မဲပေးသူတွေကို စစ်ဆေးတာနဲ့ နိုင်ငံသားဖြစ်မှုဆိုင်ရာ စည်းမျဉ်းအသစ်တွေပြဋ္ဌာန်းဖို့ လွှတ်တော်ထဲ က သူ့ပါတီဝင်တွေကို ဖိအားပေးနေပါတယ်။
တရုတ်နိုင်ငံဟာ အမေရိကန်မဲဆန္ဒရှင် သန်း ၂၂၀ ရဲ့ အမည်၊ လိပ်စာနဲ့ မဲမှတ်ပုံတင် အချက်အ လက်တွေကို မတရားရယူထားကြောင်း ပြသနေတဲ့ လျှို့ဝှက်ချက်တွေကို သူက အများပြည်သူသိအောင် ချပြလိုက်တာလို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။
အမေရိကန်ထောက်လှမ်းရေးအဖွဲ့ဝင်တွေဟာ တရုတ်ရဲ့ လှုပ်ရှားမှုတွေနဲ့ပတ်သက်တဲ့ အချက်အ လက်တွေကို ပြည်သူတွေမသိအောင် တမင်သက်သက် ဖုံးကွယ်ထားတယ်လို့ ၎င်းက စွပ်စွဲပါတယ်။
ဒီစွပ်စွဲချက်ဟာ ၂၀၂၁ ခုနှစ်က အမေရိကန်ထောက်လှမ်းရေးရဲ့ ထုတ်ပြန်ချက်နဲ့ ဆန့်ကျင်နေပြီး အဲဒီတုန်းက ဘယ်နိုင်ငံခြားသားကမှ ၂၀၂၀ ရွေးကောက်ပွဲ နည်းပညာပိုင်းနဲ့ မဲရလဒ်တွေကို ပြောင်းလဲနိုင် ခြင်းမရှိကြောင်း ဒေါ်နယ်ထရမ့်ကိုယ်တိုင် ခန့်အပ်ခဲ့တဲ့ ထောက်လှမ်းရေးညွှန်ကြားရေးမှူးက ကောက် ချက်ချခဲ့ပါတယ်။
အိမ်ဖြူတော်အရာရှိအချို့က အခုလို တရုတ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ချပြတာဟာ လူထုကို လမ်းမှားရောက်စေနိုင်တယ်လို့ စိုးရိမ်ခဲ့ကြသလို ကုန်သွယ်ရေးစစ်ပွဲအပြီး ပြန်တည်ငြိမ်လာတဲ့ တရုတ်-အမေရိကန် ဆက်ဆံရေးကိုလည်း ထိခိုက်စေနိုင်တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
တရုတ်သံရုံးပြောရေးဆိုခွင့်ရှိသူ လျူချန်းက တရုတ်နိုင်ငံအနေနဲ့ အမေရိကန်သမ္မတရွေးကောက် ပွဲတွေမှာ ဘယ်တုန်းကမှ ကြားဝင်စွက်ဖက်ခဲ့ခြင်းမရှိသလို နောင်လည်း ဘယ်တော့မှ စွက်ဖက်မှာမဟုတ် ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ သူရှုံးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲဟာ မတရားလုပ်ခံခဲ့ရတာလို့ နှစ်ပေါင်းများစွာ အထောက်အထားမရှိဘဲ ပြောဆိုနေတာဖြစ်ပြီး တရားရုံးအသီးသီးနဲ့ မဲပြန်လည်ရေတွက်မှုတွေမှာတော့ ဘယ်လို အကြီးအကျယ် မသမာမှုကိုမှ မတွေ့ရှိခဲ့ပါဘူး။
ဒေါ်နယ်ထရမ့် ချပြတဲ့ စာရွက်စာတမ်းအချို့ဟာ အမေရိကန်ရွေးကောက်ပွဲနဲ့ မဆိုင်ဘဲ ဗင်နီဇွဲ လားအကြောင်း ဖြစ်နေသလို ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် မာ့ခ်ဝါနာက တရုတ်ဟာ ၂၀၂၀ မှာ မဲတစ်မဲကိုမျှ ပြောင်းလဲဖို့ မကြိုးစားခဲ့ကြောင်း ထောက်လှမ်းရေးအားလုံးက တညီတညွတ်တည်း အတည်ပြုထားလို့ ဒေါ်နယ်ထရမ့်ရဲ့စွပ်စွဲချက်ဟာ အဓိပ္ပာယ်မရှိဘူးလို့ ဝေဖန်ခဲ့ပါတယ်။
ကိုးကား – APF
Ref; Trump accuses China of ‘largest compromise’ US election data, vows to declassify intelligence