ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၇ ရက်

အမေရိကန်က အီရန်ဆိပ်ကမ်းတွေကို ရေတပ်နဲ့ ပိတ်ဆို့မှု ပြန်လုပ်ခဲ့ပြီးနောက် ဇူလိုင် ၁၅ ရက်မှာ အီရန်ရဲ့ ကမ်းရိုးတန်းခံစစ်နဲ့ ဒုံးကျည်စခန်းတွေကို တိုက်ခိုက်ခဲ့ရာ အီရန်က အမေရိကန်နဲ့ ရှင်သန်ရပ် တည်ရေးစစ်ပွဲ ဆင်နွှဲနေတာဖြစ်လို့ ဒေသတွင်း စွမ်းအင်တင်ပို့မှုတွေကို ထပ်မံပိတ်ဆို့ပစ်မယ်လို့ ခြိမ်း ခြောက်ခဲ့ပါတယ်။

အခုလို အခြေအနေ တင်းမာလာတာဟာ တိုက်ပွဲတွေ ပြန်လည်စတင်ပြီးနောက် ဖြစ်ပေါ်လာတာ ဖြစ်လို့ စစ်ပွဲအရှိန် ပိုမိုမြင့်တက်လာနိုင်ခြေရှိပေမယ့် လေ့လာဆန်းစစ်သူအချို့ကတော့ အကြီးအကျယ် စစ်ပွဲဖြစ်ပွားလာနိုင်ခြေ နည်းပါးသေးတယ်လို့ သုံးသပ်ကြပါတယ်။

အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်လိုက်ပြီလို့ ပြီးခဲ့တဲ့ စနေနေ့နှောင်းပိုင်းမှာ ပြောကြား ခဲ့ပြီးနောက် တိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာခဲ့ပြီး အဆိုပါရေလက်ကြားဟာ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ် ငွေ့ ငါးပုံတစ်ပုံခန့် တင်ပို့ရာ အဓိကလမ်းကြောင်းဖြစ်လို့ နိုင်ငံတကာ ရေနံစိမ်းဈေးနှုန်းဟာလည်း တစ် စည်ကို ၈၄.၉၅ ဒေါ်လာထိ မြင့်တက်သွားခဲ့ပါတယ်။

အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ်က အီရန်ပိုင် ဂရိတ်တပ်ကျွန်းပေါ်ရှိ ကမ်းရိုးတန်းခံစစ်စနစ် တွေ၊ ခရုဇ်ဒုံးကျည်သိုလှောင်ရုံနဲ့ ပစ်လွှတ်စင်တွေကို ဗုဒ္ဓဟူးနေ့ မနက်ပိုင်းကစတင်ပြီး မိနစ် ၉၀ အတွင်း တိုက်ခိုက်ခဲ့သလိုကိုးနာရီအကြာမှာ ဒုတိယအကျော့ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း X လူမှုကွန်ရက်ပေါ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေဟာ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်နိုင်ဖို့ ရည်ရွယ်တာဖြစ်ပြီး ပိုမိုရှုပ် ထွေးတဲ့ စစ်ဆင်ရေးတွေမလုပ်ဆောင်ခင် ဖျက်ဆီးပစ်ရမယ့် အီရန်ရဲ့ စစ်ရေးစွမ်းဆောင်ရည်တွေကို ပစ် မှတ်ထားတာလို့ သိရပါတယ်။

အမေရိကန်စစ်တပ်ဟာ အီရန်ပိုင် ခါ့ဂ်ကျွန်းဆီ ခုတ်မောင်းဖို့ ကြိုးစားခဲ့တဲ့ ရေနံတင်သင်္ဘောတစ် စင်းကို ဟဲလ်ဖိုင်းယားဒုံးကျည်တွေနဲ့ ပစ်ခတ်ပြီး တားဆီးခဲ့သလို အင်္ဂါနေ့ကစတင်တဲ့ ရေတပ်ပိတ်ဆို့မှုအ တွင်း အခြားသင်္ဘောနှစ်စင်းကိုလည်း လမ်းကြောင်းလွှဲပစ်ခဲ့ပါတယ်။

အာဗတ်ဇ်မြို့အနီးရှိ နေရာ ၄ ခုနဲ့ အဓိကဆိပ်ကမ်းမြို့ဖြစ်တဲ့ ဘန်ဒါအာဘတ်စ်မြို့တို့ တိုက်ခိုက် ခံခဲ့ရပေမယ့် ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း၊ ကိုနာရတ်၊ ဆီရစ်ခ်နဲ့ ကက်ရှ်မ်ဒေသတွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ကြောင်း အီရန်မီဒီယာတွေက ဖော်ပြပါတယ်။

အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေဟာ အာဗတ်ဇ်မြို့ရှိ ကလေးကင်ဆာဝေဒနာရှင်များ ကုသဆောင် ပါဝင်တဲ့ ဆေးရုံတစ်ရုံအနီးကို ထိမှန်ခဲ့တာကြောင့် ဆေးရုံကို ယာယီရွှေ့ပြောင်းခဲ့ရပြီး လူနာမိသားစုတွေ ဟာ ကလေးငယ်တွေကို စောင့်ရှောက်ဖို့ ဆေးရုံအပြင်ဘက် လမ်းမတွေပေါ် ထွက်လာခဲ့ကြရတယ်လို့ သိ ရပါတယ်။

အီရန် ထိပ်တန်းညှိနှိုင်းရေးမှူး မိုဟာမက်ဘာကာကာလီဘတ်ဖ်က အီရန်ရဲ့ လုံခြုံရေးဟာ ရေ လက်ကြားအတွင်း ၎င်းတို့ရဲ့ စီမံခန့်ခွဲမှုအပေါ်မှာ မူတည်နေပြီး အီရန်က အမေရိကန်နဲ့ ရှင်သန်ရပ်တည် ရေး စစ်ပွဲတစ်ခုကို ဆင်နွှဲနေတာလို့ ကြေညာခဲ့ပါတယ်။

စစ်ပွဲကြောင့် အီရန်နဲ့ လက်ဘနွန်နိုင်ငံတို့မှာ လူပေါင်းထောင်ချီ သေဆုံးပြီး သန်းနဲ့ချီ အိုးအိမ်စွန့် ခွာ ထွက်ပြေးခဲ့ကြရကာ ဇူလိုင်လအတွင်း အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် လူ ၃၅ ဦး သေဆုံးခဲ့ရ တယ်လို့ အီရန်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ကိုးကား – Reuters
Ref; US strikes Iran again as Tehran warns of ‘existential war’ with America