‎‎ဧရာဝတီတိုင်းမ်
‎ဇူလိုင် ၁၆ ရက်
‎‎

နေပြည်တော်တွင် အိန္ဒိယသံရုံး၏ စီစဉ်ဆောင်ရွက်မှုဖြင့် ယနေ့ ဇူလိုင် ၁၆ မှ ၁၈ ရက်နေ့အထိ အိန္ဒိယနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေကို 7 EAO Alliance အဖွဲ့ ဝင်များလေ့လာမည်ဖြစ်ကြောင်းသိရသည်။

နေပြည်တော်ရှိ MGallery Hotel ၌ ကျင်းပလျက်ရှိသည့် အိန္ဒိယနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပေဒေဆိုင်ရာအခြေခံမူများနှင့် ဖက်ဒရယ်စနစ်ဆင့်ကဲဖြစ်ပေါ်မှုများကို လေ့လာသွားကြမည်ဖြစ်ကြောင်းသိရသည်။

7 EAO Alliance အဖွဲ့ ဝင်အဖွဲ့အစည်းများတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU၊ KNLA-PC)၊လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ပါဝင်သည်။
‎‎

အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနှစ်ဖွဲ့ သည် NCA (တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်) ကိုကိုင်စွဲထားပြီး ရွေးတုအစိုးရနှင့် ငြိမ်းချမ်းရေးစကားပြောကြားလျက်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် 7 EAO Alliance ကိုစုဖွဲ့ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ – 7 EAO Alliance