ဧရာဝတီတိုင်းမ်
ဇွန် ၁၂ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်ကို အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ပြီး ရေနံအခြေခံ အဆောက်အအုံတွေကို သိမ်းပိုက်ပစ်မယ်လို့ ဒီတစ်ပတ်ထဲမှာ ခြိမ်းခြောက်ခဲ့ပါတယ်။

စစ်ရေးအရ တိုက်ခိုက်မယ့် အစီအစဉ်တွေကို ပြန်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်းနဲ့ အီရန်ခေါင်း ဆောင်ပိုင်းကလည်း သဘောတူညီချက်ရဲ့ စည်းကမ်းချက်တွေကို လက်ခံလိုက်ပြီလို့ ၎င်းက ယမန်နေ့မှာ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ အီရန်နဲ့ စစ်ပြေငြိမ်းရေး သဘောတူညီချက်ကြီးတစ်ခု ရခဲ့ပါပြီ။ အခု စာရွက်စာ တမ်း အချောသတ်ဖို့ပဲ ကျန်ပါတော့တယ်။ လာမယ့်ရက်ပိုင်းအတွင်း အပြီးသတ်နိုင်မှာဖြစ်ပြီး လက်မှတ် ရေးထိုးပွဲကို ဥရောပမှာ လုပ်ဖြစ်ဖို့ များပါတယ်” လို့ သူက ဝါရှင်တန်မြို့တော်မှာ သတင်းထောက်တွေကို ပြောပါတယ်။

ဒီစာချုပ်ကို အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင် ခါမေနီ ကိုယ်တိုင် အတည်ပြုပြီးပြီလို့ ဒေါ်နယ်ထရမ့် က ယုံကြည်နေပြီး စာချုပ်လက်မှတ်ထိုးပြီးတာနဲ့ အမေရိကန်ရဲ့ ရေတပ်ပိတ်ဆို့ထားမှုတွေကို ပြန်ဖွင့်ပေး မယ်လို့ ပြောပါတယ်။

အီရန်နိုင်ငံမှ တက်စ်နင်း (Tasnim) သတင်းဌာနကတော့ အီရန်အစိုးရဘက်က ဘယ်သဘောတူ ညီချက်ကိုမှ တရားဝင် အတည်မပြုသေးဘူးလို့ ဖော်ပြပါတယ်။

အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါအီက “သဘောတူညီ ချက် တစ်ခုရဖို့ အီရန်က ဘာမှ ဆုံးဖြတ်ချက် မချရသေးပါဘူး။ အမေရိကန်ဘက်က ရပ်တည်ချက်တွေကို ခဏခဏ ပြောင်းလဲနေပြီး ကျွန်တော်တို့ သတ်မှတ်ထားတဲ့အချက်ကိုတော့ လုံးဝ အလျှော့ပေးမှာ မဟုတ် ဘူး” လို့ ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုရဲ့ ရုံးခန်းကနေ တုံ့ပြန်ချက် ထွက်လာပြီး နေတန် ယာဟုက ဒေါ်နယ်ထရမ့်နဲ့ ဖုန်းပြောခဲ့ပြီး စာချုပ်ပါ စည်းကမ်းချက်တွေကို ကြိုဆိုတယ်လို့ ဆိုပါတယ်။

အဲဒီစည်းကမ်းချက်တွေထဲမှာ အီရန်ရဲ့ သန့်စင်ပြီး နျူကလီးယားပစ္စည်းတွေကို ဖယ်ရှားပစ်ဖို့၊ နျူ ကလီးယား သန့်စင်စက်ရုံတွေကို ဖျက်သိမ်းဖို့နဲ့ အီရန်ရဲ့ ဒုံးကျည်ထုတ်လုပ်မှုကို ကန့်သတ်ဖို့ စတဲ့အချက် တွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။

ကိုးကား – NHK

Ref; Trump: Deal with Tehran to be signed soon