ဧရာဝတီတိုင်းမ်
ဇွန် ၁၀ ရက်
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဆူဂီယိုနိုဟာ နေပြည်တော် ခရီးစဉ်အတွင်းမှာ ရွေးတုသမ္မတ မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံမှာ အားလုံးပါဝင်နိုင်ပြီး ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးရရှိဖို့ အင်ဒိုနီးရှားက ဆက်လက်ပံ့ပိုးကူညီသွားမယ်လို့ ကတိပြုလိုက်ပါတယ်။
ဆူဂီယိုနိုဟာ မြန်မာနိုင်ငံရဲ့ ကာလရှည်ကြာနေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့နဲ့ တည်ငြိမ်မှုပြန်ရ လာစေဖို့ အင်ဒိုနီးရှားအစိုးရက ကူညီပံ့ပိုးပေးသွားမယ်ဆိုတဲ့ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုရဲ့ အထူးသဝဏ်လွှာကို ကိုယ်တိုင် ပေးအပ်ခဲ့ပါတယ်။
မြန်မာ့ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့အတွက် မြန်မာနိုင်ငံမှာရှိတဲ့ သက်ဆိုင်သူအဖွဲ့အစည်း အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အင်ဒိုနီးရှားက အသင့်ရှိနေတယ်လို့ ၎င်းက ပြောပါတယ်။
ဘယ်လိုငြိမ်းချမ်းရေးလုပ်ငန်းစဉ်မျိုးမဆို မြန်မာနိုင်ငံကိုယ်တိုင် ဦးဆောင်ရမှာဖြစ်သလို ၂၀၂၁ စစ် အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်လာတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းဖို့ အာဆီယံက ချမှတ်ထားတဲ့ ဘုံ သဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်မှုကို အင်ဒိုနီးရှားက ဆက်ပြီး ထောက်ခံသွားမယ်လို့ သူ က ဆိုပါတယ်။
ဆူဂီယိုနိုဟာ ဒီခရီးစဉ်အတွင်းမှာ စစ်အုပ်စုခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့လည်း တွေ့ဆုံပြီး နှစ်နိုင်ငံအရေးနဲ့ ဒေသတွင်းအရေးကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။
နှစ်ဘက်စလုံးက ကုန်သွယ်ရေး၊ ပညာရေးနဲ့ ပြည်သူအချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံမှု ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ အခွင့်အလမ်းတွေကို ဆွေးနွေးခဲ့ပါတယ်။
အင်ဒိုနီးရှားအစိုးရက အာဆီယံအဖွဲ့ဝင်နိုင်ငံအချင်းချင်း ဖြစ်တာနဲ့အညီ မြန်မာနိုင်ငံနဲ့ အပြုသ ဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုတွေကို ဆက်လုပ်သွားမှာဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဖော် ဆောင်ဖို့ အခြားဒေသတွင်း မဟာမိတ်တွေနဲ့လည်း လက်တွဲသွားမယ်လို့ ၎င်းက ပြောပါတယ်။
ဆူဂီယိုနိုရဲ့ခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေးပွဲတွေနဲ့ ပြန်လည်သင့်မြတ်ရေးတွေ ဖြစ် လာအောင် အားပေးဖို့အတွက် အာဆီယံက ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတဲ့ သံတမန်ရေး ကြိုးပမ်း မှုတွေရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လပိုင်းတွေတုန်းကလည်း ဖိလစ်ပိုင်၊ ထိုင်းနဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးတွေဟာ အ လားတူ ရည်ရွယ်ချက်တွေနဲ့ မြန်မာနိုင်ငံကို လာရောက်ခဲ့ဖူးပါတယ်။
ကိုးကား – Anadolu
Ref; Indonesia reaffirms support for Myanmar peace efforts