ဧရာဝတီတိုင်းမ်
ဇွန် ၉ ရက်
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်း ကမ်းလွန်မှာ ပြင်းအား ၇ ဒသမ ၈ ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့တာကြောင့် အနည်းဆုံး လူ ၃၅ ဦး သေဆုံးသွားခဲ့ပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ငလျင်ဟာ ဒေသစံတော်ချိန် တနင်္လာနေ့ မနက် ၇ နာရီ ၃၇ မိနစ်မှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး ဖိလစ် ပိုင်၊ အင်ဒိုနီးရှား၊ ဂျပန်နဲ့ အော်စတြေးလျနိုင်ငံတွေမှာ ဆူနာမီ သတိပေးချက်တွေ ထွက်ပေါ်ခဲ့ပေမဲ့ နာရီ ပိုင်းအကြာမှာတော့ ဒီသတိပေးချက်တွေကို ပြန်ရုပ်သိမ်းတာ ဒါမှမဟုတ် အဆင့်လျှော့ချတာတွေ လုပ်ခဲ့ပါ တယ်။
ဗီဒီယိုနဲ့ ဓာတ်ပုံမှတ်တမ်းတွေထဲမှာ အဆောက်အအုံတွေ ပြိုကျပျက်စီးနေတာကို တွေ့ရပြီး အဲဒီ အထဲမှာ အမြန်ရရှိတဲ့အစားအစာဆိုင်တစ်ခု ပြိုကျပျက်စီးပြီး အပျက်အစီးပုံ ဖြစ်သွားတဲ့ ဗီဒီယိုဖိုင်လည်း ပါဝင်သလို အချို့နေရာတွေမှာ မြေပြိုမှုတွေလည်း ရှိခဲ့ပါတယ်။
ဖိလစ်ပိုင် အရပ်ဘက်ကာကွယ်ရေးရုံးက သေဆုံးသူ ၃၅ ဦးအနက် ၃၁ ဦးဟာ ဆော့ဆာဂျင်ဒေသ ကဖြစ်ပြီး ကျန်တဲ့ ၄ ဦးကတော့ ဒါဗာအိုဒေသက ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ အနည်းဆုံး လူ ၁၃၄ ဦး ဒဏ်ရာရရှိခဲ့ပြီး မိသားစုပေါင်း ၁ သောင်းနီးပါး အိုးအိမ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာက အစိုးရဌာနဆိုင်ရာတွေအားလုံး ဘေးအန္တရာယ်တုံ့ ပြန်ရေးလုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်နေကြပြီလို့ ပြောပါတယ်။
“ဗဟိုအစိုးရအနေနဲ့ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နေပြီး မင်ဒါနာအိုဒေသကို ဘယ်တော့မှ ပစ်မထားပါဘူး” လို့ ၎င်းက ကတိပေးခဲ့ပါတယ်။
ငလျင်လှုပ်ခတ်တဲ့နေ့ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ စာသင်နှစ်သစ် ပထမဆုံးကျောင်းဖွင့်ရက်နဲ့ တိုက် တိုက်ဆိုင်ဆိုင် ကြုံကြိုက်နေတာကြောင့် သူက ငလျင်ဒဏ်သင့်တဲ့ ဒေသတွေက ကျောင်းသင်ခန်းစာတွေ ကို ချက်ချင်းကျောင်းပိတ်ဖို့ အမိန့်ပေးခဲ့ပါတယ်။
ကိုးကား – BBC
Ref; At least 35 dead after major earthquake strikes southern Philippines