ဧရာဝတီတိုင်းမ်
ဇွန် ၈ ရက်

 

အရှေ့အလယ်ပိုင်း ပဋိပက္ခများနှင့်အတူ ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးနှုန်းများ လိုက်ပါမြင့်တက်ခဲ့ရာမှ ယခုတစ်ပတ်အတွင်း ကျပ်သိန်း ၁၀၀ အောက်သို့ ပြန်လည်ကျဆင်းလာကြောင်း သိရသည်။

 

ပြည်တွင်းရွှေဈေးနှုန်းသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ တစ်ကျပ်သားလျှင် ကျပ်သိန်း ၉၀ ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် ကျပ် ၁၀၈ သိန်းအထိ ဆက်တိုက်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

 

ယနေ့ ဇွန် ၈ ရက်နေ့ ဈေးကွက်ပိတ်ချိန်အထိ ရရှိထားသော သတင်းများအရ ပြည်တွင်းအခေါက် ရွှေဈေးသည် တစ်ကျပ်သားလျှင် ဝယ်ဈေး ကျပ် ၉၈ သိန်း ၃ သောင်း နှင့် ရောင်းဈေး ကျပ် ၉၉ သိန်း ၃ သောင်း ရှိကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ယခုကဲ့သို့ ပြည်တွင်းရွှေဈေး သိန်း၁၀၀အောက် ပြန်လည်ကျဆင်းလာချိန်တွင် ကမ္ဘာ့ရွှေဈေးသည်လည်း တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၄,၃၂၀ ဝန်းကျင်၌ အရောင်း အဝယ် ဖြစ်လျက်ရှိသည်။

 

‎အလားတူ နိုင်ငံခြားငွေလဲလှယ်နှုန်းထား ဈေးကွက်တွင်လည်း အမေရိကန်တစ်ဒေါ်လာလျှင် ဝယ်ဈေး ၄,၂၂၀ ကျပ်နှင့် ရောင်းဈေး ၄,၃၂၀ ကျပ် ဝန်းကျင်ရှိကြောင်း ငွေကြေးဈေးကွက်မှ သိရသည်။

 

‎အခြားကမ္ဘာ့ငွေကြေးများဖြစ်သည့် တရုတ်ယွမ်ငွေလဲနှုန်းမှာ တစ်ယွမ်လျှင် ဝယ်ဈေး ကျပ် ၆၁၇ နှင့် ရောင်းဈေး ကျပ် ၆၃ ၃ ရှိပြီး၊ ထိုင်းဘတ်ငွေလဲနှုန်းမှာ တစ်ဘတ်လျှင် ဝယ်ဈေး ၁၂၇ ကျပ်နှင့် ရောင်းဈေး ၁၃၀ ကျပ်ဖြင့် အသီးသီး အရောင်းအဝယ် ဖြစ်လျက်ရှိသည်။

 

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇွန်လပိုင်းတွင် ပြည်တွင်းရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း ၈၀ ဝန်းကျင်ရှိခဲ့ပြီး အမေရိကန်ဒေါ်လာလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ် ၄,၄၆၀ အထိ ရှိခဲ့ကြောင်း ဈေးကွက် မှတ်တမ်းများအရ သိရသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်