ဧရာဝတီတိုင်းမ်
ဇွန် ၈ ရက်

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့တ်ဘတ်ဆင့်နဲ့ နီးစပ်သူတွေက အမေရိကန် မဟာမိတ် ပင်လယ်ကွေ့နိုင်ငံတွေကို ကူညီဖို့အတွက် အမေရိကန်မှာရှိတဲ့ အီရန်ရဲ့ ပိုင်ဆိုင်မှုတွေကို နည်းလမ်းမျိုးစုံ သုံးပြီး အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

အဲဒီအီရန်ပိုင်ဆိုင်မှုတွေကို နောင်မှာ အီရန်ကြောင့် ပျက်စီးဆုံးရှုံးရမယ့် အဆောက်အအုံတွေ ပြန် လည်တည်ဆောက်ရေးနဲ့ ပြုပြင်ရေးတွေမှာ သုံးစွဲသွားမှာ ဖြစ်ပါတယ်။

အရင်က အီရန်ကြောင့် ပျက်စီးခဲ့ဖူးတဲ့ ဆုံးရှုံးမှုတွေကို ပြုပြင်ဖို့အတွက်ပါ အီရန်ပိုင်ဆိုင်မှုတွေကို သုံးလို့ရမရ ဆိုတာကိုလည်း ဘဏ္ဍာရေးဝန်ကြီးဌာနက ဆက်လက်သုံးသပ်သွားမယ်လို့ သိရပါတယ်။

စကော့တ်ဘတ်ဆင့်က သူ့ရဲ့အဖွဲ့ကို အမေရိကန်မဟာမိတ်နိုင်ငံတွေရဲ့ အခြေအနေကို သွား ရောက်စစ်ဆေးဖို့ ညွှန်ကြားထားပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနှောင်းပိုင်း စစ်ပွဲစတင်ကတည်းက အီရန်ရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသမျှ အကုန်အကျစရိတ် စာရင်းဇယားအပြည့်အစုံကို တောင်းခံထားပါ တယ်။

အီရန်ရဲ့ ပိုင်ဆိုင်မှုတွေထဲက ဘဏ်အကောင့်ထဲမှာ ပိတ်ဆို့ထားတဲ့ ငွေသားတွေကို သုံးမလား ဒါမှ မဟုတ် ရေနံတင်သင်္ဘောတွေလိုမျိုး ဒြပ်ရှိပိုင်ဆိုင်မှုတွေကို သုံးမလားဆိုတာကတော့ အတိအကျ မသိရ သေးပါဘူး။

အီရန်က ထိန်းချုပ်ခံ ပိုင်ဆိုင်မှုတွေကို ပြန်ဖွင့်ပေးဖို့ အမြဲတမ်း တောင်းဆိုနေတာကြောင့် အခုလို အမေရိကန်က အီရန်ပိုက်ဆံတွေကို တခြားနေရာမှာ သုံးပစ်မယ်လို့ ခြိမ်းခြောက်လိုက်တာဟာ နှစ်နိုင်ငံ ကြား မခိုင်မြဲသေးတဲ့ ယာယီအပစ်အခတ်ရပ်စဲရေးကို ပိုပြီး ပျက်ပြားသွားစေနိုင်တဲ့ အချက်သစ်တစ်ခု ဖြစ် လာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

ကိုးကား – NHK
Ref; Sources: US says Iranian assets to be used to fix future damage caused by Iran