ဧရာဝတီတိုင်းမ်
ဇွန် ၈ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအနေနဲ့ ဝါရှင်တန်နဲ့ နျူကလီးယားသဘောတူ ညီချက်ကို လက်ခံဖို့ကလွဲလို့ အခြားရွေးချယ်စရာမရှိဘူးလို့ ပြောကြားလိုက်ပြီး ဆွေးနွေးပွဲကတစ်ဆင့်ဖြစ် စေ ဒါမှမဟုတ် စစ်ရေးအင်အားသုံးပြီးဖြစ်စေ အီရန်ရဲ့ သန့်စင်ပြီး ယူရေနီယံတွေကို အမေရိကန်က ရ အောင်ယူမယ်လို့ သတိပေးလိုက်ပါတယ်။

အကယ်၍ ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိခဲ့ရင် အီရန်မှာရှိတဲ့ သန့်စင်ပြီး ယူရေနီယံသို လှောင်မှုတွေကို ဖျက်သိမ်းဖို့ အမေရိကန်က အီရန်နဲ့အတူ ပူးတွဲလုပ်ဆောင်သွားမယ်လို့ ၎င်းက ဆိုပါ တယ်။

ဒါပေမဲ့ ဆွေးနွေးပွဲတွေသာ ပျက်ပြားသွားခဲ့ရင် အမေရိကန်စစ်တပ်က အဲဒီနျူကလီးယားပစ္စည်း တွေကို ဝင်ရောက်သိမ်းပိုက်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

အီရန်ရဲ့ သန့်စင်ပြီး ယူရေနီယံသိုလှောင်မှုတွေကို ဖျက်ဆီးပစ်မယ့် ကိစ္စနဲ့ပတ်သက်ပြီး ဒေါ်နယ် ထရမ့်က “သူတို့ပါဝင်သည်ဖြစ်စေ မပါဝင်သည်ဖြစ်စေ ကျွန်တော်တို့ကတော့ ဒါကို လုပ်မှာပဲ” လို့ ပြတ် ပြတ်သားသား ပြောပါတယ်။

နောင်ဖြစ်လာမယ့် သဘောတူညီချက်အရ အဲဒီယူရေနီယံတွေကို အီရန်နိုင်ငံထဲမှာတင် ဖျက်ဆီး ပစ်တာ ဒါမှမဟုတ် ပြည်ပကို လွှဲပြောင်းပေးပြီး အမေရိကန်စက်ကိရိယာတွေသုံးကာ ဖျက်သိမ်းတာမျိုး လုပ်နိုင်တယ်လို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။

အကယ်၍ စစ်ရေးအရ အရေးယူဖို့ လိုအပ်လာပြီဆိုရင် အမေရိကန်တပ်ဖွဲ့တွေ အန္တရာယ်မရှိဘဲ လှုပ်ရှားနိုင်ဖို့အတွက် အီရန်ရဲ့ စစ်ရေးစွမ်းရည်တွေကို အရင်ဆုံး ချေမှုန်းဖျက်ဆီးပစ်မယ်လို့ ၎င်းက သတိ ပေးပါတယ်။

ဝါရှင်တန်အနေနဲ့ အီရန်ရဲ့ နျူကလီးယားစခန်းတွေကို အာကာသအခြေစိုက် ဂြိုဟ်တုစောင့်ကြည့် ရေးစနစ်တွေကတစ်ဆင့် အနီးကပ် စောင့်ကြည့်နိုင်စွမ်းရှိတယ်လို့ သူက ဆိုပါတယ်။

စစ်ဆင်ရေးမစ်ရှင်ကြီး မပြီးမချင်း အမေရိကန်တပ်ဖွဲ့တွေကို အရှေ့အလယ်ပိုင်းမှာ တပ်စွဲထား တယ်လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

နောင်လာမယ့် သဘောတူညီချက်အသစ်မှာ အီရန်က နျူကလီးယားလက်နက် မထုတ်လုပ်ပါဘူး ဆိုတဲ့ ကတိကဝတ်အပြင် နောက်ထပ် လုံခြုံရေးစည်းကမ်းချက်အသစ်တွေကိုပါ ထည့်သွင်းဖို့ ကြိုးစားနေ တာပါ။

ကိုးကား – Reuters
Ref; Trump says Iran has ‘no choice’ but to accept nuclear deal