ဧရာဝတီတိုင်းမ်
ဇွန် ၇ ရက်

အမေရိကန်က အသစ်တဖန် ပြန်လည်တိုက်ခိုက်ခဲ့ပြီးနောက် အီရန်နိုင်ငံဟာ အမေရိကန်ရဲ့ မဟာ မိတ်တွေဖြစ်တဲ့ ဘာရိန်းနဲ့ ကူဝိတ်နိုင်ငံတွေကို စနေနေ့မှာ ဒုံးကျည်အများအပြားနဲ့ ပစ်ခတ်ခဲ့ပါတယ်။

ပင်လယ်ကွေ့ဘုရင်စနစ်ကျင့်သုံးတဲ့ နိုင်ငံတွေဘက်က ပြင်းပြင်းထန်ထန် တုံ့ပြန်လာကြပြီး လက် ရှိထိန်းထားရတဲ့ ယာယီအပစ်အခတ်ရပ်စဲရေးကိုလည်း ပိုမိုပျက်ပြားလာစေပါတယ်။

ရက်သတ္တပတ်ပေါင်းများစွာ ကြားခံကနေတစ်ဆင့် သွားနေတဲ့ သွေးတိုးစမ်း ဆွေးနွေးပွဲတွေဟာ အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ဖို့ ဒါမှမဟုတ် ကမ္ဘာ့ရေနံနဲ့ ဂတ်စ်တွေ အဓိကစီးဆင်းရာ ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ဖို့အတွက် သဘောတူညီချက် မရရှိသေးပါဘူး။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အဆိုအရ စနေနေ့အစောပိုင်းမှာ အမေရိကန်က ကက်ရှ်မန် ကျွန်းနဲ့ ဆီရစ်ခ်မြို့နားက ရေကြောင်းလုံခြုံရေး စောင့်ကြည့်ရေးစခန်းတွေကို တိုက်ခိုက်ခဲ့လို့ ဒါဟာ ယာ ယီအပစ်ရပ်စဲရေးကို ချိုးဖောက်တာလို့ စွပ်စွဲပါတယ်။

အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) က ရေလက်ကြားဘက်ကို ဦးတည်လာတဲ့ အီရန်ရဲ့ တိုက်ခိုက်ရေးဒရုန်း ၄ စင်းကို အရင်ပစ်ချခဲ့ရပြီး အီရန်ရဲ့ ကမ်းရိုးတန်းရေကြောင်းစောင့်ကြည့်ရေး ရေဒါစ ခန်းတွေကို တန်ပြန်ဗုံးကြဲခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က စနေနေ့အစောပိုင်းမှာ ဒေသတွင်းက ရန်သူ့အခြေ စိုက်စခန်းတွေကို ဒုံးကျည်တွေနဲ့ တုံ့ပြန်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

အီရန်နိုင်ငံပိုင် IRNA သတင်းဌာနရဲ့ ဖော်ပြချက်အရ အမေရိကန်တပ်ဖွဲ့တွေရှိတဲ့ ကူဝိတ်က အလီ အလ်ဆလမ်လေတပ်အခြေစိုက်စခန်းနဲ့ ဘာရိန်းမှာရှိတဲ့ အမေရိကန်ရေတပ် ပဉ္စမရေယာဉ်စုတို့ကို ပစ် မှတ်ထားတိုက်ခိုက်ခဲ့ပေမဲ့ အမေရိကန်စစ်တပ်ကတော့ စစ်သည်တွေ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆို ပါတယ်။

CENTCOM ရဲ့ ထုတ်ပြန်ချက်အရ အီရန်ဟာ ဘာရိန်းနဲ့ ကူဝိတ်ဘက်ကို ဘာလစ်စတစ်ဒုံးကျည် ၇ စင်း ပစ်လွှတ်ခဲ့ပေမဲ့ ၆ စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့ပြီး ၁ စင်းကတော့ ပစ်မှတ်မရောက်ခင် ပျက်ကျသွား ခဲ့တယ်လို့ သိရပါတယ်။

ဘာရိန်းနိုင်ငံက ရက်ပိုင်းအတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုကို ပြောင် ပြောင်တင်းတင်း ကျူးကျော်မှုအဖြစ် ပြစ်တင်ရှုတ်ချခဲ့ပြီး ကူဝိတ်နိုင်ငံကလည်း အန္တရာယ်ရှိတဲ့ စစ်ရေးအ ရှိန်မြှင့်မှုလို့ ပြောဆိုခဲ့ပါတယ်။

ကိုးကား – AFP
Ref; Iran launches ballistic missiles at Bahrain, Kuwait after US hits its radar sites