ဧရာဝတီတိုင်းမ်
ဇွန် ၆ ရက်

မကြာသေးမီက စီဘူးမြို့မှာ ပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံအချို့ ဟာ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ကိုင်တွယ်ဖြေရှင်းပုံ နည်းလမ်းတွေကို ပြန်လည်သုံးသပ်ဖို့ ပိုလိုလားကြ တယ်လို့ ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်က ပြောကြားလိုက်ပါတယ်။

“အာဆီယံရဲ့ သဘောထားအခြေအနေတွေ အနည်းငယ် ပြောင်းလဲလာတယ်လို့ ကျွန်တော် ခံစား ရပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံကို အထီးကျန်မဖြစ်စေချင်ဘူးလို့ ထင်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။

“ငြိမ်းချမ်းရေးဆီ သွားမယ့်လမ်းက တဖြည်းဖြည်းချင်းပဲ သွားရမှာဖြစ်ပေမဲ့ အချင်းချင်း ထိတွေ့ ဆက်ဆံဖို့တော့ လိုပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့လည်း သူတို့ရဲ့ ကိုင်တွယ်ပုံတွေကို ပြန်လည်သုံး သပ်နေပြီလို့ ကျွန်တော် ခံစားရတယ်” လို့ သူက ဆက်ပြောပါတယ်။

“မြန်မာအစိုးရအနေနဲ့လည်း အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်မှာ ပါဝင်တဲ့ အကြမ်းဖက်မှု တွေ လျှော့ချဖို့၊ ယုံကြည်စိတ်ချရတဲ့ ဆွေးနွေးပွဲတွေလုပ်ဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့ဆိုတဲ့ အာဆီယံရဲ့ စိုးရိမ်ပူပန်ချက်တွေကို ဖြေရှင်းပေးဖို့ လိုအပ်ပါတယ်” လို့ ၎င်းက ထောက်ပြ ခဲ့ပါတယ်။

ဒီအချက်တွေကို လိုက်နာဆောင်ရွက်ခြင်းကသာ မြန်မာနိုင်ငံအနေနဲ့ အာဆီယံအစည်းအဝေးတွေ မှာ အပြည့်အဝ ပြန်လည်ပါဝင်ခွင့်ရဖို့ အခြေခံအုတ်မြစ် ဖြစ်လာလိမ့်မယ်လို့ ဆီဟာဆတ်က ဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ ရည်ရွယ်ချက်က အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို စွန့်လွှတ်ဖို့ မဟုတ်ဘဲ အဲဒီ အချက်တွေကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ဖို့ တွန်းအားပေးသွားမယ်လို့ သူက ပြောပါ တယ်။

သူနဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာတို့ တွေ့ဆုံဆွေးနွေးခဲ့မှုကိုလည်း ထည့်သွင်းပြောဆို ခဲ့ပြီး မြန်မာ့အရေးကို ရှေ့ဆက်ဘယ်လို ကိုင်တွယ်မလဲဆိုတဲ့အပေါ် နှစ်ဖက်စလုံးမှာ တူညီတဲ့ သုံးသပ် ချက်မျိုး ရှိကြတယ်လို့ ၎င်းက ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့နဲ့ နီးကပ်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားတာကပဲ မြန်မာအ တွက် ရေရှည်မှာ အကျိုးရှိစေလိမ့်မယ်လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။

မြန်မာအာဏာပိုင်တွေအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှု တွေ ပြုလုပ်ဖို့နဲ့ နိုင်ငံရေးအရ ပြန်လည်သင့်မြတ်ရေးကို ရှာဖွေဖို့ အစဉ်တစိုက် တိုက်တွန်းခဲ့တယ်လို့ ၎င်း က ပြောပါတယ်။

ကိုးကား – CNA
Ref; ‘The ground is shifting somewhat’: ASEAN does not want an isolated Myanmar, says Thai foreign minister