ဧရာဝတီတိုင်းမ်
ဇွန် ၆ ရက်
တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ဖိတ်ကြားချက်အရ လာမယ့်အပတ် တနင်္လာနေ့ကနေ အင်္ဂါနေ့အထိ မြောက်ကိုရီးယားနိုင်ငံကို သွားရောက်လည်ပတ်မယ်လို့ တရုတ်နဲ့ မြောက်ကိုရီးယား မီဒီယာတွေက သတင်းထုတ်ပြန်ပါတယ်။
ဒါဟာ ရှီကျင့်ဖျင်အနေနဲ့ ၂၀၁၉ ခုနှစ် ဇွန်လနောက်ပိုင်း မြောက်ကိုရီးယားနိုင်ငံဆီ ပထမဆုံးအ ကြိမ် သွားရောက်မယ့် ခရီးစဉ် ဖြစ်ပါတယ်။
ဒီခရီးစဉ်အကြောင်းကို တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနနဲ့ မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနတို့က သောကြာနေ့မနက်ပိုင်းမှာ အချိန်ကိုက် သတင်းထုတ်ပြန်ခဲ့ကြတာပါ။
မြောက်ကိုရီးယားဟာ ရုရှားနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်ခဲ့တာကြောင့် တရုတ်-မြောက်ကိုရီး ယား ဆက်ဆံရေး အေးစက်သွားခဲ့တယ်လို့ အကဲခတ်အချို့က ထောက်ပြထားကြပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက ကင်ဂျုံအန်း တရုတ်နိုင်ငံကို သွားရောက်ပြီး စစ်ရေးပြအခမ်း အနား တက်ရောက်ကာ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ချိန်မှာတော့ နှစ်နိုင်ငံကြားက ရိုးရာမပျက် ချစ်ကြည်ရေး ဆက်ဆံရေးကို ပြန်လည်အတည်ပြုခဲ့ကြပါတယ်။
ပြီးခဲ့တဲ့မေလမှာ ရှီကျင့်ဖျင်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ကို ပေကျင်းမှာ သီးခြားစီ ထိပ်သီးအစည်းအဝေးပွဲတွေလုပ်ဖို့ ဖိတ်ခေါ်ခဲ့ပါသေးတယ်။
တရုတ်နိုင်ငံအနေနဲ့ အခုလို မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ခြင်း အားဖြင့် ကမ္ဘာ့ဇာတ်ခုံပေါ်မှာ သူတို့ရဲ့ သံတမန်ရေး ဩဇာအာဏာကို ပြသချင်နေတာလို့ ယူဆရပါတယ်။
မြောက်ကိုရီးယားဟာ တရုတ်ဆီကနေ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ ရရှိဖို့ မျှော်လင့် နေပုံရပါတယ်။
ဒေါ်နယ်ထရမ့်က ကင်ဂျုံအန်းနဲ့ ဆွေးနွေးပွဲတွေလုပ်ဖို့ စိတ်အားထက်သန်နေတာကြောင့် ကင်ဂျုံ အန်းအနေနဲ့ ဒေါ်နယ်ထရမ့်နဲ့ မဆွေးနွေးခင် သူတို့ဘက်မှာ တရုတ်နိုင်ငံလို ကျောထောက်နောက်ခံ အခိုင် အမာ ရှိနေတယ်ဆိုတာမျိုး ပြသပြီး တရုတ်နဲ့ ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းအောင် လုပ်ဖို့ ရည်ရွယ်နေပုံရပါ တယ်။
ကိုးကား – NHK
Ref; State media: China’s President Xi to visit North Korea from Monday