ဧရာဝတီတိုင်းမ်
ဇွန် ၅ ရက်

ယူကရိန်းသမ္မတ ဇီလန်စကီးက ရုရှားသမ္မတ ပူတင်နဲ့ တိုက်ရိုက်ဆွေးနွေးဖို့ ပေးစာတစ်စောင်က တစ်ဆင့် အဆိုပြုခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့မှာ သူတို့နှစ်ဦး လူ ချင်းတွေ့ဆုံ ဆွေးနွေးကြရင် အလွန်ကောင်းမယ်လို့ ပြောကြားလိုက်ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ အီရန်စစ်ပွဲကြောင့် အလုပ်ရှုပ်နေတာမို့ ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့အတွက် ဇီလန်စကီးက ပူတင်နဲ့ တိုက်ရိုက်တွေ့ဆုံပြီး အကျေအလည် ဆွေးနွေးချင်နေတာလားဆိုတဲ့ သတင်း ထောက်တွေရဲ့ မေးခွန်းအပေါ် အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။

“ကျွန်တော်လည်း အသေအချာတော့ မသိဘူး။ ဒါပေမဲ့ သူတို့ တွေ့ဆုံဖို့အထိပါ စကားပြောလာ ကြတာကို ဝမ်းသာပါတယ်။ ဒီလိုဖြစ်လာဖို့ ကျွန်တော်တို့ဘက်ကလည်း အများကြီး တွန်းအားပေးခဲ့ရတာ ပါ” လို့ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောပါတယ်။

ယူကရိန်းဒရုန်းတွေက ရုရှားနိုင်ငံအတွင်းပိုင်းအထိ ထိုးဖောက်တိုက်ခိုက်ခဲ့တာကြောင့် ရုရှားရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို ပိုပြီး အားကောင်းအောင် လုပ်ဖို့ လိုအပ်နေပြီလို့ ပူတင်ကိုယ် တိုင် ဝန်ခံပြောကြားပြီး သိပ်မကြာခင်မှာပဲ ဇီလန်စကီးက အခုလို တိုက်ရိုက်တွေ့ဆုံဖို့ ကမ်းလှမ်းလာတာ ဖြစ်ပါတယ်။

ပူတင်နဲ့ ဇီလန်စကီးတို့ တိုက်ရိုက်ဆွေးနွေးဖို့ ပြန်လည်တွန်းအားပေးလာကြတာဟာ တစ်ဖက်မှာ လည်း အမေရိကန်ရဲ့ ကြားဝင်စေ့စပ်ပေးမယ့် အခန်းကဏ္ဍက အရှိန်အနည်းငယ် လျော့ကျသွားပုံရချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

ဇီလန်စကီးက သူ့ရဲ့ပေးစာထဲမှာ ပူတင်နဲ့ တိုက်ရိုက်တွေ့ဆုံဖို့ အဆိုပြုထားသလို ဆွေးနွေးပွဲတွေ လုပ်နေမယ့် ကာလအတွင်းမှာ အပစ်အခတ် အခိုင်အမာ ရပ်စဲထားမယ်လို့ ကမ်းလှမ်းထားပါတယ်။

ဒါပေမဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ရုရှားဘက်က ငြင်းဆန်မယ်ဆိုရင်တော့ ယူကရိန်းအနေနဲ့ မိမိကိုယ် ကိုယ် ဆက်လက်ခုခံကာကွယ်သွားမယ်လို့လည်း ဇီလန်စကီးက သတိပေးထားပါတယ်။

ရုရှားသမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဒီမစ်ထရီပက်စကော့ဗ်က “ဇီလန်စကီးအနေနဲ့ မော်စကိုကို ဘယ် အချိန်မဆို လာလို့ရပါတယ်” လို့ ပြောခဲ့ကြောင်း ရုရှားနိုင်ငံပိုင် မီဒီယာတွေက ဖော်ပြပါတယ်။

သူဟာ ဇလန်စကီးနဲ့ တွေ့ဆုံမှာဖြစ်ပေမဲ့ အဲ့ဒါဟာ နှစ်ဦးနှစ်ဖက် သဘောတူညီချက် ရရှိပြီးသား ကိစ္စတစ်ခုကို အတည်ပြု လက်မှတ်ရေးထိုးဖို့အတွက်ပဲ ဖြစ်မယ်လို့ ပူတင်က ဆိုထားပြီး သဘောတူညီ ချက်မရခင် ကြိုတင်တွေ့ဆုံမယ့် ထိပ်သီးအစည်းအဝေး ကမ်းလှမ်းချက်တွေကို ငြင်းဆန်ထားပါတယ်။

ကိုးကား – Kyiv Post
Ref; Trump Says Putin-Zelensky Meeting Would Be ‘Great’ as Ukraine Offers Ceasefire for Direct Talks