ဧရာဝတီတိုင်းမ်
ဇွန် ၄ ရက်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ယူကရိန်းအတွက် ဒေါ်လာ သန်း ၄၀၀ တန်ဖိုးရှိ တဲ့ စစ်ရေးအကူအညီတွေကို အပြီးသတ် ပြင်ဆင်နေပြီဖြစ်လို့ မကြာခင်မှာ တရားဝင် ထုတ်ပြန်ကြေညာ တော့မယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

“အခုလောလောဆယ် ဌာနစုံ ညှိနှိုင်းအတည်ပြုတဲ့အဆင့် ရောက်နေပြီဖြစ်လို့ မကြာခင်မှာ သ တင်းကောင်း ကြားရတော့မှာပါ” လို့ ၎င်းက ဆီးနိတ်ကော်မတီတစ်ခုမှာ ပြောသွားခဲ့တာပါ။

ဒီရန်ပုံငွေဟာ ၂၀၂၆ ယူကရိန်းလုံခြုံရေးဆိုင်ရာ ကူညီထောက်ပံ့မှုအစီအစဉ်အရ ခွင့်ပြုထားတာ ဖြစ်လို့ ပင်တဂွန်စစ်ဌာနချုပ်အနေနဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့ ခဲယမ်းမီးကျောက်တွေကို အမေရိကန် စစ်ဘက်ကန်ထရိုက်တာတွေဆီကနေ တိုက်ရိုက် ဝယ်ယူထောက်ပံ့ခွင့်ရမှာ ဖြစ်ပါတယ်။

ဒီအကူအညီကို ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက လွှတ်တော်က အတည်ပြုပေးခဲ့တာဖြစ်ပေမဲ့ လက်တွေ့ထုတ်ပေးဖို့ကျတော့ အချိန်နည်းနည်း ကြန့်ကြာနေခဲ့တာ ဖြစ်ပါတယ်။

ရူဘီယိုက အခုလိုပြောလိုက်တာဟာ အီရန်နဲ့ ဖြစ်ပွားနေတဲ့ ဒေသတွင်း ပဋိပက္ခတွေကြောင့် ယူ ကရိန်းအပေါ် အမေရိကန်ရဲ့ ကူညီပံ့ပိုးမှုတွေ လျော့ပါးသွားမှာမဟုတ်ဘူးလို့ သူ အရင်က ပြောခဲ့တဲ့စကား ကို ထပ်လောင်းအတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။
လွှတ်တော်အမတ်တွေနဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရတော့ အီရန်စစ်ပွဲကြောင့် အမေရိ ကန်ရဲ့ လက်နက်ခဲယမ်း သိုလှောင်ထားမှုအချို့ဟာ အခုလောလောဆယ် လျော့နည်းနေတယ်လို့ သိရပါ တယ်။

လွှတ်တော်က အတည်ပြုထားတဲ့ ၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဒေါ်လာ ဘီလီယံ ၉၀၀ နီးပါးတန်ဖိုးရှိ တဲ့ အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်အာဏာဥပဒေအရ ယူကရိန်းလုံခြုံရေးဆိုင်ရာ ကူညီထောက်ပံ့မှု အစီအစဉ်အောက်မှာ ယူကရိန်းအတွက် ၂၀၂၆ ခုနှစ်မှာ ဒေါ်လာ သန်း ၄၀၀ နဲ့ ၂၀၂၇ ခုနှစ်မှာ နောက်ထပ် ဒေါ်လာ သန်း ၄၀၀ ခွဲဝေ သတ်မှတ်ပေးထားတာ ဖြစ်ပါတယ်။

ကိုးကား – Anadolu
Ref; US’ Rubio says he expects news ‘pretty soon’ on $400M Ukraine aid package